ကျွန်းလှမြို့၌ မိခင်နှင့် ကလေးကျန်းမာရေးဌာန ပြန်လည်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့၌ မိခင်နှင့် ကလေးကျန်းမာရေးဌာန ပြန်လည်ဖွင့်လှစ်

 


MNP - ဇွန်   ၂၁


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ မိခင်နှင့် ကလေးကျန်းမာရေးဌာနအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာကလတွင် ပိတ်ထားခဲ့သော်လည်း ယခု ပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ မိခင်နှင့် ကလေးကျန်းမာရေးဌာနက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်များ၊ ကလေးမိခင်များ၊ မွေးစမှ အသက် ၅ နှစ်အောက် ကလေးများ၊ သက်ကြီးရွယ်အိုများအား တစ်ပတ်လျှင်နှစ်ရက် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း၊ ယခုအပတ်စဉ် တနင်္လာနေ့မှ သောကြောနေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


သတင်း - မျိုးဝင်းညို 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)