ပုသိမ်မြို့နှင့် မြောင်းမြမြို့များ၌ ကျင်းပသည့် ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့နှင့် မြောင်းမြမြို့များ၌ ကျင်းပသည့် ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်





MNP - ဇွန်   ၂၁


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် မြောင်းမြမြို့များ၌ ဂျုတီကုတ်နှင့် ဦးဆောင်း အပ်နှင်းပွဲ အခမ်းအနားများအား ယမန်နေ့ နံနက်ပိုင်းက အဆိုပါ မြို့နယ်များ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲဝင်  ဝန်ကြီးများ၊ တိုင်း၊  ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ ကြသည်။


ပုသိမ်မြို့တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ပြုလုပ်သည့် အခမ်းအနားတွင်  သင်တန်းသား ၇ ဦး၊ သင်တန်းသူ ၇၆ ဦး၊ စုစုပေါင်း ၈၃ ဦးနှင့် မြောင်းမြမြို့၊ သူနာပြု သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် အခမ်းအနား တွင် သင်တန်းသား ၇ ဦးနှင့် သင်တန်းသူ ၆၃ ဦး  စုစုပေါင်း ၇၀ ဦးအား ဂျုတီကုတ်နှင့် ဦးဆောင်းများအား တာဝန်ရှိသူ များက အသီးသီးအပ်နှင်းခဲ့သည်။ ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများက ဆီမီး ထွန်းညှိခြင်းနှင့် သူနာပြုသစ္စာ အဓိဋ္ဌာန် ၈ ချက်အား ရွတ်ဆိုခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုများနှင့် သင်တန်းသား၊ သင်တန်းသူများအတွက် ချီးမြှင့်ထောက်ပံ့ငွေများအား ပေးအပ်ခဲ့သည်။


အဆိုပါ ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားများတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ကျန်းမာရေးကဏ္ဍတွင် လူ့စွမ်းအား အရင်းအမြစ်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် သင်တန်းကျောင်းများ ဖွင့်လှစ်၍ သူနာပြုနှင့် သားဖွားများ မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများသည် ဝါသနာအရင်းခံပြီး ကိုယ်ချင်းစာ တရားထားကာ လူနာများကို ပြုစုစောင့်ရှောက်ကြရမှာဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများသည် အပ်နှင်းခြင်းခံရသည့် ဂျုတီကုတ်နှင့် ဦးဆောင်းတို့အား လေးစားတန်ဖိုးထားပြီး မိမိတို့၏ လုပ်ငန်းတာဝန်များ ကျေပွန်စွာ ထမ်းဆောင်ကြရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ကျေးလက်ဒေသများအထိ ကျန်းမာရေး စောင့်ရှောက်မှုများ လွှမ်းခြုံနိုင်စေရေး ကြိုးစားဆောင်ရွက်နေပါကြောင်း၊ သင်တန်းကာလအတွင်း သင်ကြားရေးဆိုင်ရာ များ၊ နေထိုင်စားသောက်ရေး ကိစ္စများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပြီး ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းပြီးဆုံးပြီး မိမိတာဝန်ကျရာ ဒေသများရှိ ပြည်သူများ၏ ကျန်းမာရေး ကိစ္စရပ်များကို ကူညီစောင့်ရှောက်ပေးကြရန်”ပြောကြားသည်။


ဆက်လက်၍ ဝန်ကြီးချုပ်သည် စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)သို့ သွားရောက်ခဲ့ကာ ပထမနှစ် အငယ်တန်းတွင် ၁၁၄ ဦး၊ ပထမနှစ်အကြီးတန်းတွင် ၈၇ ဦးနှင့် တတိယနှစ်တွင် ၁၁၅ ဦး၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၃၁၆ ဦး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှု များကို ကြည့်ရှုအားပေး၍ စာသင်ဆောင်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး စာသင်ဆောင်များ ကြံ့ခိုင်မှုရှိစေရေး မှာကြားခဲ့သည်။ ထို့နောက် ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)သို့ သွားရောက်ခဲ့ပြီး တာဝန်ခံက အထွက်နှုန်းကောင်းမွန်သော ပေါ်ဆန်းမျိုးစပါး များ သုတေသနပြုထားရှိမှုနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နှင့် ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာနှစ်များတွင် ဆောင်ရွက်ခဲ့သည့် သုတေသနလုပ်ငန်းများ၊ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် သုတေသနလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သုတေသနလုပ်ငန်းများမှ ရလဒ်ကောင်းများ ထွက်ပေါ်လာစေရေး၊ ထွက်ပေါ်လာသည့် ရလဒ်များကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်စေရေး၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးလျက်ရှိရာ ပိုမိုဖြစ်ထွန်းအောင်မြင်စေရေး သုတေသနပြု ဆောင်ရွက်ရန်၊ သဘာဝမြသြဇာပြုလုပ်နည်းများ၊ သဘာဝမြသြဇာသုံးစွဲခြင်းဖြင့် ဓာတ်မြေ သြဇာသုံးစွဲမှု လျော့ချနိုင်မှုများအား တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဆင်းရွှေကြာ၂ နေကြာသီးနှံမျိုးသန့် ပြန့်ပွားရေး ဆောင်ရွက်ထားရှိမှုနှင့် ကောက်ရိုး၊ နောက်ချေး၊ ထုံး၊ ဖွဲနု၊ ထရိုင်ကိုဒါးမား များအသုံးပြု၍ သဘာဝမြသြဇာပြုလုပ်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် အိမ်မဲမြို့နယ်၊ ပါရမီထောင့် ကျေးရွာ၊ တောင်သူဦးဌေးလွင်၏ လယ်မြေ(၄)ဧကတွင် ၂၀၂၂ ခုနှစ်၊ မိုးစပါး စိုက်ပျိုးရန်အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းထွန်ယက်ခြင်းကို ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာများ ပြန်လည်ကောင်းမွန်လာပြီး ဓာတ်မြေသြဇာ သုံးစွဲမှုများကို လျှော့ချပေးနိုင်မှာဖြစ်ပါကြောင်းနှင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များ စိုက်ပျိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရ သည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)