ဖြူးမြို့နယ်တွင် မျိုးစေ့တိုက်ရိုက်ချကရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြသ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖြူးမြို့နယ်တွင် မျိုးစေ့တိုက်ရိုက်ချကရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြသ



MNP - ဇွန်   ၂၁


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနစ်၊ မိုးစပါးများ စိုက်ပျိုးရာတွင် စိုက်ပျိုးရေးနည်းလမ်းကောင်းများအနက် လုပ်သားလိုအပ်ချက်၊   ရေလိုအပ်ချက်နှင့် စိုက်ပျိုးချိန်နည်းပြီး လောင်စာဆီသုံးစွဲရန် မလိုအပ်သော မျိုးစေ့တိုက်ရိုက်ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းများကို တောင်သူများအကျိုးအတွက် ဆောင်ရွက်ပေးနေလျက်ရှိရာ ယမန်နေ့၊ မွန်းလွဲ (၁) နာရီအချိန်က ချင်းခင်ကျေးရွာအုပ်စု၊ ချင်းခင်ကျေးရွာ ကွင်းအမှတ်-၁၉၉(ခ)တောင်သူ ဦးမြင့်ဝင်း၏ မိုးစပါး- ဆောင်းပဲဒီစိမ်း- နွေစပါး (၃) သီးစား  စိုက်ပျိုးသည့်  စိုက်ခင်း (၅) ဧကတွင် တောင်သူများအား စိုက်ပျိုးနည်းစနစ်များ အသိပညာပေးပြီး လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ရှေ့ဦးစွာ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းလှိုင်၊ တောင်ငူခရိုင်စိုက်ပျိုးရေး ဦးစီးမှူးဦးမြတ်မင်းထွေး၊ တောင်ငူခရိုင် စက်မှုလယ်ယာဦးစီးမှူး ဦးသိန်းလွင်တို့က မျိုးစေ့ချကရိယာဖြင့် စိုက်ပျိုးရာတွင် ရရှိမည့်အကျိုးကျေးဇူးများနှင့် တောင်သူများအနေဖြင့် ပိုမိုကျယ်ပြန့်စွာ အသုံးချစိုက်ပျိုးနိုင်ရေးကို ဆွေးနွေးပြီး ဖြူးမြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက စိုက်ပျိုးရေးနည်းလမ်းနှင့် မျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးပုံနည်းလမ်းများကို ရှင်းလင်း ပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသေား ချင်းခင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်တွေ့သရုပ်ပြ စိုက်ပျိုးပြသခဲ့ကြောင်းနှင့် ဖြူးမြို့နယ် စီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။


သတင်း - နေမျိုးလွင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)