ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက် ပျိုးပွဲတက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက် ပျိုးပွဲတက်ရောက်ချီးမြှင့်

 


MNP - ဇွန်  ၄


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ ကျိုက်ပွန်ဘုရားလမ်း၌ ပြုလုပ်ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ၂ဝ၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရှေးဟောင်းသမိုင်းဝင် ကျိုက်ပွန်ဘုရားကြီး အဝင်လမ်းအား သဘာဝရှုမျှော်ခင်းနှင့် မျက်စိပသာဒဖြစ်စေရေး၊ လမ်းဘေးဝဲယာ အရိပ်ရ၍ စိမ်းလန်းစိုပြေစေရေး၊ ပူပြင်းခြောက်သွေ့သော နွေရာသီတွင်အပူဒဏ်မှ ကာကွယ်နိုင်ရန်နှင့် ရာသီဥတုပြောင်းလဲမှုအား လျော့နည်းသက်သာ စေရေး၊ အများပြည်သူတို့မှ သစ်တောသစ်ပင်များ၏ သဘာဝပတ်ဝန်းကျင် အကျိုးပြုမှုများအား သိမြင်နိုင်စေရန်ရည်ရွယ်ပြီး ကျင်းပရခြင်း ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်အသီးသီးမှာ လူထုလှုပ်ရှားမှုအသွင်ဖြင့် ၂၀၂၂ ခုနှစ်၊ မေလအတွင်းမှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ၂၃ ပွဲ၊ သစ်ပင် ၈၇၀၀ ပင်စိုက်ပျိုးနိုင်ခဲ့ပြီး၊ ဇွန်နှင့် ဇူလိုင်လ အတွင်းမှာလည်း မိုးရာသီသစ်ပင်စိုက်ပွဲ ၂၆ ပွဲ၊ အပင် ၁၅,၈၄၀ပင် စိုက်ပျိုးသွားရန် စီစဉ်ထားပြီး ယနေ့အထိ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ ၂၅ ပွဲ၊ အပင်ပေါင်း ၉၆၁၀ ပင် စိုက်ပျိုးပြီးဖြစ်ကြောင်း ပြောကြားပြီး သတ်မှတ် ထားသောနေရာတွင် ခရေသစ်မျိုးအပင်ကြီး ၃၇၀ ပင်အား ဝန်ကြီးချုပ်မှ ဦးဆောင်ကာ တပြိုင်နက် စုပေါင်းညီညာ စိုက်ပျိုးပေးခဲ့ပြီး စိုက်ပျိုးနေမှုအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးကြသည်။


အဆိုပါ မိုးရာသီသစ်ပင်စိုက်ပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး၊ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်၊ အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ၊ မိခင်နှင့်ကလေး ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် (၃၁) ရပ်ကွက်မှ ဒေသခံ ပြည်သူများ တက်ရောက် စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင်  


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)