ပေါက်ခေါင်းမြို့နယ်၌ Crash For Work စီမံကိန်းမိတ်ဆက်ရှင်းလင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ Crash For Work စီမံကိန်းမိတ်ဆက်ရှင်းလင်း

 


MNP -  ဇွန်    ၄


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် စိုင်ပစ်အင်းရွာ Crash  For Work စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က စိုင်ပစ်အင်းရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်းသိရသည်။


အဆိုပါ စီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးဖြိုးသူမောင်က အဖွင့်အမှာစကားပြောကြားပြီး၊  ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဌေးဇော်က ပထမဦးစွာ Crash For Work စီမံကိန်း လုပ်ငန်းအကြောင်းအရာများ၊ စီမံကိန်းကျေးရွာရွေးချယ်ဖြစ်ပုံနှင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို တက်ရောက် လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာပြည်သူများကို ချပြရှင်းလင်းပြောကြားသည်။


ဆက်လက်၍ Crash For Work စီမံကိန်းကျေးရွာ‌ ကော်မတီဝင်များကို‌ရွေးချယ်ရာ ကျေးရွာပြည်သူများ၏ သဘောထားဆန္ဒပြုရွေးချယ်ထားသူ(၉)ဦးကို အတည်ပြုသတ်မှတ် ကြသည်။


စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ အဖွဲ့ဝင်(၂)ဦးမြင့်ဌေး၊ အတွင်းရေးမှူး ရဲမှူးကိုကိုနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးမံကိန်းကျေးရွာမှ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)