ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ(၄)မှ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီကိုယ်စားလှယ်များ ကျိုင်းတုံလေဆိပ်မှ ထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ(၄)မှ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီကိုယ်စားလှယ်များ ကျိုင်းတုံလေဆိပ်မှ ထွက်ခွာ



MNP - ဇွန်   ၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄)မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ သည် ၂၀၂၂ ခုနှစ် ယမန်နေ့မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ကျိုင်းတုံလေဆိပ်မှ နေပြည်တော်လေဆိပ်သို့ ထွက်ခွာသွားကြောင်း သိရသည်။ 


ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွင် ရှမ်းပြည်နယ် အထူးဒေသ (၄)မှ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီဒုတိယ ဥက္ကဋ္ဌ ဦးစန်ပေ့၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၊ အတွင်းရေးမှူး-၂ ဦးအား လူတို့ပါဝင်သော အဖွဲ့ဝင် ၁၃ ဉီး ပါဝင်ကြောင်းသိရှိရသည်။


အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ဌာနဆိုင်ရာများ၊တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်ကျေးရွာများမှ ရပ်မိရပ်ဖများ စုစုပေါင်း ၂၀၀ ကျော်က ကျိုင်းတုံလေဆိပ်တွင် ကြိုဆိုပို့ဆောင်ခဲ့ကြောင်း သိရသည်။


သတ်း - မောင်မောင်နိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)