မတ္တရာမြို့နယ်မှ လေဘေးသင့်ပြည်သူ ၁၆၃၆ ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မတ္တရာမြို့နယ်မှ လေဘေးသင့်ပြည်သူ ၁၆၃၆ ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေများပေးအပ်



MNP - ဇွန်   ၄


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ဧပြီလအတွင်းက လေပြင်းတိုက်ခတ်မှုများကြောင့် လေဘေးသင့်ပြည်သူများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


လေဘေးသင့် ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူးစန်းယု နယ်မြေဒေသလုံခြုံရေးကိစ္စရပ်များနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။


 ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးနိုင်တို့မှ ရပ်ကွက်/ ကျေးရွာအုပ်စု (၃၂) အုပ်စုမှ လေဘေးသင့်ပြည်သူ ၁၆၃၆ ဦးအတွက် တစ်ဦးလျှင် ကျပ် ၅၀၀၀၀နှုန်းဖြင့် ကျပ် ၈၁၈သိန်း၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း ပျက်စီးမှုအတွက် ငွေကျပ်၁သိန်းနှင့် သေဆုံးသူ(၁)ဦး၏ ကျန်ရစ်သူ မိသားစုအတွက် ထောက်ပံ့ငွေ ကျပ် ၅သိန်း စုစုပေါင်း ၈၂၄ သိန်းကို ပေးအပ်ရာ လေဘေးသင့် ပြည်သူများကိုယ်စား ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ လက်ခံရယူခဲ့ကြသည်။


အဆိုပါ လေဘေးသင့်ပြည်သူများအား မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှလည်း ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီးဖြစ်ပြီး ယခုအကြိမ်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထပ်မံထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။


သတင်း - စိုးကျော်သူထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)