ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌနဝန်ထမ်း သားသမီးများအား ပညာသင် ထောက်ပံ့ကြေးပေး အပ်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌနဝန်ထမ်း သားသမီးများအား ပညာသင် ထောက်ပံ့ကြေးပေး အပ်ပွဲပြုလုပ်





MNP ၊ ဇွန် ၁၉

သထုံခရိုင်၊ ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌနဝန်ထမ်း သားသမီးများအား ၂၀၂၂ -၂၀၂၃ပညာသင်နှစ် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင်  ဘီးလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်း က ဝန်ထမ်းမိသားစုဝင်  သားသမီးများအား ပညာသင်  ထောက်ပံ့ကြေးပေး အပ်ရခြင်းနှင့်ပတ်သက်၍အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ထို့နောက်ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဝန်ထမ်း သားသမီးများဖြစ်ကြသော တက္ကသိုလ်အဆင့် ကျောင်းသား၊ ကျောင်းသူ (၄) ဦးအတွက်တစ်ဦးလျှင် ဗလာစာအုပ် ၁ ဒါဇင်၊  ခဲတံ ၁ ဒါဇင် ထောက်ပံ့ငွေ ၂၅၀၀၀ ကျပ်စီကိုလည်းကောင်း၊ အထက်တန်း အဆင့်ကျောင်းသား၊ ကျောင်းသူ( ၃ )ဦးအတွက်တစ်ဦး လျှင်ဗလာစာအုပ် ၁ဒါဇင်၊ခဲတံ ၁ ဒါဇင် ၊ထောက်ပံ့ငွေ ၂၀၀၀၀ ကျပ်စီကိုလည်း ကောင်း၊မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၂၈)ဦးအတွက် တစ်ဦးလျှင် ဗလာစာအုပ် ၁ ဒါဇင် ၊ ခဲတံ ၁ ဒါဇင် ထောက်ပံ့ငွေ ၁၀၀၀၀ကျပ်စီကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူ(၄၄) ဦး တို့အားမြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုး သိုက်ထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမြတ်ကျော်၊ မိသားစုစည်းရုံရေး နှင့်စည်ကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်ဟေမာန်ဦး၊ စည်းကမ်းထိန်း သိမ်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်သန္တာစိုးတို့မှ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။


သတင်း -  ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)