ဘူးသီးတောင်မြို့၌အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၌အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ


MNP ၊ ဇွန် ၁၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး Talk Showဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါရုံး Community Centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင်ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်အေးအေးအောင်က အမျိုးသမီးများ၏အခန်းကဏ္ဍနှင့် ပတ်သက်၍ ပြည်သူများဗဟုသုတရရှိစေရန် ရည်ရွယ်ပြီးအသိပညာပေးဆွေးနွေးရခြင်းဖြစ်ပါကြောင်းနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရေး လုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းပြောကြားပြီးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မသန်းစောက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေး အသိပညာပေပတ်သက်၍  အမျိုးသမီးများအနေဖြင့်ဗဟုသုတကြွယ်ဝရန် စာပေများဖတ်ရှု့ကြစေရန်လိုအပ်ပါကြောင်း၊ ကျားမအခြေပြုအကြမ်းဖက်မှု၊ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး ဥပဒေများအားအကျယ်တဝင့်ရှင်းလင်းဆွေးနွေးကြခဲ့ကြ ကြောင်းသိရသည်။


သတင်း - လှကျော် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)