ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေလှူဒါန်း

 




MNP - ဇွန်  ၁၀


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော နတ်ပလင်ကျေးရွာနှင့် နဖူးပြားတဲတိုက်သို့ ဇွန် ၁၀ ရက်၊နံနက် ၈ နာရီအချိန်က သောက်သုံးရေဂါလံ(၃၂၀၀)သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်းအကျိုးတော်ဆောင်များထံက သိရသည်။


ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျှက်ရှိသောကျေးရွာများ/တဲတိုက်များသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိ နတ်ပလင်ကျေးရွာအတွက် သောက်သုံးရေဂါလံ (၁၆၀၀)နှင့်နဖူးပြားတဲတိုက်အတွက် သောက်သုံးရေဂါလံ(၁၆၀၀)လှူဒါန်းပေးနိုင်ခဲ့ရာ ဆောင်းဦးပေါက်ရာသီမှစတင်ပြီး သောက်သုံးရေလှူဒါန်းလာသည့် ရန်ကုန် မြို့ ဝေမျှခြင်းပရဟိတအသင်းအနေဖြင့် သောက်သုံးရေးလိုအပ်နေသောကျေးရွာများသို့ သောက်သုံးရေဂါလံ (၂၄၄၈၀၀)ဂါလံလှူ ဒါန်းပေးနိုင်ခဲ့ကြောင်း သောက်သုံးရေအကျိုးတော်ဆောင်များထံက သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)