ဝေါမြို့နယ်၌ တိရိစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေါမြို့နယ်၌ တိရိစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ



MNP - ဇွန်   ၂၄


၂၀၂၂ ခုနှစ် မိုးရာသီတိရိစ္ဆာန် အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ နေဗီယာမြက်စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့၊ နေ့လယ် ၁ နာရီက   ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာရှိ တောင်သူ ဦးငယ်လေး၏ လယ်မြေတစ်ဧက၌ ကျင်းပသည်။


ထိုသို့ စိုက်ပျိုးခြင်းသရုပ်ပြရာတွင် ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံတိရိစ္ဆာန်ကျန်းမာရေး လုပ်သားများနှင့် ကျေးရွာပြည်သူများက တက်ရောက် ပါဝင်စိုက်ပျိုးပေးခဲ့သည်။


အဆိုပါ တိရိစ္ဆာန်အစာပင် နေဗီယာမြက်အား နွေရာသီအစာရှာပါးသည့်အချိန်တွင် ကျွဲ၊ နွား၊ တိရိစ္ဆာန်များ အစာအဟာရလုံလောက်စေရန်၊ လွှတ်ကျောင်းစရာမလိုဘဲ ခြံလှောင်မွေးမြူပြီး၊ ရိတ်ကျွေးနိုင်သောစနစ်ကို ပြောင်းလဲကျင့်သုံးနိုင်စေရန်၊ ပိုလျှံသောမြတ်များကို အစာချဉ် ဖတ် ပြုလုပ်၍ အစာရှားပါးချိန်တွင် ကျွေးမွေးနိုင်စေရန်၊ မွေးမြူသူတောင်သူများအနေဖြင့် အောင်မြင်သော မွေးမြူရေးလုပ်ငန်းဖြစ်ထွန်းစေရန် အတွက် အစာကုန်ကျစရိတ် လျော့ချနိုင်စေရန်၊ မွေးမြူရေးလုပ်ငန်းမှ အမြတ်အစွန်း များစွာရရှိပြီး တစ်ဖက်တစ်လမ်းမှ မိသားစုဝင် ငွေတိုးပွား စေရန် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။


သတင်း - စိုးမိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)