ရခိုင်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်းဖွင့်လှစ် သင်ကြားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်းဖွင့်လှစ် သင်ကြားပေး




MNP ၊  ဇွန် ၂၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းကို ယနေ့မွန်းလွဲ ၃ နာရီက အဆိုပါရုံးသင်တန်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ 

သင်တန်းတွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ရခိုင်ပြည်နယ် ဦးစီးမှူး  ဦးတင်ကိုဝင်းက ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည်  ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့‌ပြီး ဝန်ဆောင်မှု ပေးနေသည့်  ဌာနဖြစ်ကြောင်း ၊ ပြည်သူ့ဆက်ဆံ ရေး (PublicRelations)သည်ပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်၍ သိရှိနားလည်ရန်လိုအပ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေး၏ အဓိပ္ပါယ်၊သဘောသဘာဝများ၊ပြည်သူ့ဆက်ဆံရေးတွင်သတိပြုရမည့် အချက်များ၊ပြည်သူ့ဆက်ဆံရေးနည်းလမ်းများ ၊ ပြည်သူကိုဝန်ဆောင်မှုပေးရာတွင် လိုက်နာသင့်သည့် အချက်များ စသည့် ပြည်သူ့ဆက်ဆံရေးနှင့်သက်ဆိုင်သည့် သိမှတ်ဖွယ်ရာများကို ရှင်းလင်းဆွေးနွေး ခဲ့သည်။

အဆိုပါသင်တန်းသို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးကံညွန့် နှင့် အရာထမ်း၊ အမှုထမ်း၂၃ ဦးတက်ရောက်ကြပြီး   ဇွန် (၂၀)မှ ( ၂၄)အထိ ၅ရက် ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)