ပေါင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲကျင်းပ


MNP ၊ ဧပြီ ၂၄

မူးယစ်တပ်ဖွဲ့စုနှင့် ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ဆိုးကျိုးများ၊ လူထုအကြား မူးယစ်ဆေးဝါးပျံ့နှံ့နေမှုအခြေအနေများ၊ ပြဌာန်းထားသည့် ပြစ်မှုပြစ်ဒဏ်ဥပဒေဆိုင်ရာများနှင့် တားဆီးနှိမ်နင်းရေးလုပ်ဆောင်နေမှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အမှတ်(၆၂) မူးယစ်တပ်ဖွဲ့စု၊ သထုံမှ ဒုရဲမှူး တင်ကိုကို ရဲမှူးတင်ကိုကို မှ မူးယစ်ဆေးဝါးဖမ်းဆီးရရှိနေမှု အခြေအနေများ၊ ကျောင်းသားလူငယ်များနဲ့ ပြည်သူအကြား ပျံ့နှံ့နေမှုအခြေအနေများ၊ တားဆီးကာကွယ်ရေးလုပ်ငန်းနဲ့ အသိပညာပေးလုပ်ငန်းဆောင်ရွက်ပေးနေမှုအခြေအနေများကို အသေးစိတ်ရှင်းလင်းခဲ့သည်။

ဆက်လက်၍ အမှတ်(၆၂) မူးယစ်တပ်ဖွဲ့စု၊ သထုံမှ ရဲအုပ် စောထင်လင်းက မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်ဥပဒေဆိုင်ရာများကို ပြောကြားခဲ့ရာတွင် မူးယစ်ဆေးဝါးများလက်ဝယ်ဖမ်းဆီးရမိပါက ၃ ဂရမ်ဆိုရင် မြို့နယ်အဆင့်မှာ ပြစ်ဒဏ်ချမှတ်ပြီး ပြစ်ဒဏ်အနေနဲ့ အနည်းဆုံး ၅ နှစ်မှ ဆယ်နှစ်အထိကျခံရမှာဖြစ်သလို ၃ ဂရမ်နဲ့အထက် ဆိုရင်တော့ ရောင်းချသူအနေဖြင့် သတ်မှတ်ပြီးတော့ ခရိုင်အဆင့်မှာ ပြစ်ဒဏ်ချမှတ်ပြီး ပြစ်ဒဏ်အနေနဲ့တော့ ထောင်ဒဏ် ဆယ်နှစ်ကနေ နှစ်အကန့်အသတ်မရှိ ချမှတ်နိုင်တယ်လို့ ပြောကြားခဲ့သည်။

ဒါအပြင် ၂၀၁၈ ခုနှစ်မှာ အသစ်ပြဌာန်းခဲ့တဲ့ မူးယစ်ဆေးဝါးဥပဒေအရ လူမှုရေးပြစ်ဒဏ်တွေလည်း ကျခံနိုင်တယ်လို့ ဆိုပါသည်။

လက်ရှိမှာလည်း နိုင်ငံအတွင်း မူးယစ်ဆေးဝါးအန္တရာယ်တားဆီးနှိမ်နင်းရေးအတွက် မူးယစ်တပ်ဖွဲ့စုမှ တာဝန်ယူဆောင်ရွက်နေတာရှိသလို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေကြသည့်အပြင် ပြည်သူတွေအနေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက် ကားသုံးစွဲနေသူတွေ တွေ့ရှိပါက မူးယစ်တပ်ဖွဲ့စုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအားသတင်းပေးတိုင်ကြားပေးစေလိုကြောင်း ပြောကြားခဲ့သည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)