မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ၏ တိုင်း ခရိုင် မြို့နယ် ပါတီကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ၏ တိုင်း ခရိုင် မြို့နယ် ပါတီကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ







MNP ၊ ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၃ရက် နံနက် ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးကို နိုင်ငံတော်အလံအလေးပြုကာ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသည့် ပါတီဝင်များ၊ ပါတီမိသားစုများ၊ ဝန်းရံသူများအား သတိရအောင့်မေ့သည့်အနေဖြင့် ၂ မိနစ် ငြိမ်သက်ခဲ့သည်။

အစည်းအဝေးအစီအစဉ်အရ တက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ်ပါတီဥက္ကဋ္ဌများမှ မိတ်ဆက်ကြပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့် ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝင်းမောင်တို့မှ အဖွင့်အမှာစကားပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးအောင်ကျော်မိုးက တိုင်းဒေသကြီးပါတီကော်မတီ၏ဆောင်ရွက်ချက်များ၊ ခရိုင်ဥက္ကဋ္ဌများ မြို့နယ်ပါတီဥက္ကဋ္ဌများမှ ခရိုင်နှင့်မြို့နယ်များ၏ သက်ဆိုင်ရာပါတီကော်မတီများ၏ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြီးကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)