ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်းခဲ့ရာ ရေဂါလန် နှစ်သိန်း လေးသောင်းတစ်ထောင်ကျော် လှူဒါန်းပေးနိုင်ခဲ့ပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်းခဲ့ရာ ရေဂါလန် နှစ်သိန်း လေးသောင်းတစ်ထောင်ကျော် လှူဒါန်းပေးနိုင်ခဲ့ပြီးဖြစ်

 


MNP - ဇွန်  ၈


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ဇီးပင်ကြီး တဲတိုက်နှင့် အိုင်းမတဲတိုက်သို့ ယနေ့နံနက် ၈ နာရီအချိန်က သောက်သုံးရေဂါလန် (၃၂၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေ အလှူတော်အသင်း အကျိုးတော်ဆောင်များထံက သိရသည်။


ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများ/တဲတိုက်များသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ လှူဒါန်းပေးလျက်ရှိရာ အိုင်းမတဲတိုက် အတွက် သောက်သုံးရေ ဂါလန် (၁၆၀၀) နှင့် ဇီးပင်ကြီးတဲတိုက်အတွက် သောက်သုံးရေဂါလန် (၁၆၀၀) လှူဒါန်းပေးနိုင်ခဲ့ရာ ဆောင်းဦးပေါက်ရာသီမှစတင်ပြီး သောက်သုံးရေလှူဒါန်း လာသည့် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအသင်းအနေဖြင့် သောက်သုံးရေးလိုအပ်နေသော ကျေးရွာများသို့ သောက်သုံးရေဂါလန် (၂၄၁၆၀၀) ဂါလန်လှူ ဒါန်းပေးနိုင်ခဲ့ကြောင်း သောက်သုံးရေ အကျိုးတော်ဆောင်များထံက သိရသည်။


သတင်း - ကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)