MNP ၊ ဇွန် ၂၈
စစ်တွေမြို့နယ်၌ ပင်လယ်ပြင်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းကို စစ်တွေမြို့နယ် သဲချောင်းကျေးရွာ၌ နှစ်ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း စစ်တွေခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
သင်တန်းတွင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဦးထွန်းသိန်းက ပင်လယ်ပြင် လုပ်ငန်းခွင် အသက်အန္တရာယ်ကင်းရှင်းရေးအတွက် ငါးဖမ်းရေယာဉ်ပိုင်ရှင်နှင့် ရေလုပ် သားများ၏ ဆောင်ရွက်ရမည့်အချက်အလက်များ၊ ကျန်းမာရေးစောင့်ရှောက်ရေးဆိုင်ရာ ကိစ္စများနှင့် လှေပေါ်၌ အန္တရာယ်မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ဆောင်ရွက်ရမည့်အချက်များအားလည်းကောင်း၊ မီးသတ် ဦးစီးဌာနမှသင်တန်းဆရာက သဘာဝဘေးအန္တရာယ်ကျရောက်လာပါကအရေးပေါ် ဆောင်ရွက်ရမည့် အချက်များ၊ ကယ် ဆယ်ရေးနည်းလမ်းများနှင့် မီးသတ်ဆေးဗူးအသုံးပြုပုံများအားလည်းကောင်း မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့မှ သင်တန်းဆရာက အခြေခံကယ်ဆယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ရေနစ်လူနာများအား စနစ်တကျရှေ့ဦးသူနာပြုစုနည်းဖြင့် လုပ်ဆောင်ရမည့် အချက်များကို လည်း ကောင်းသင်ကြားပို့ချပေးခဲ့သည်။
အဆိုပါသင်တန်းကို ဇွန်လ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့ထိနှစ်ရက်ကြာသင်ကြားပို့ချခဲ့ပြီး ရေလုပ်သား ၃၀ ကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။
သတင်း - တင်ထွန်း
https://t.me/MyanmarNationalPost

No comments:
Post a Comment