အ-ထ-က (ရွှေသောင်ယံ)တွင် အသက်(၅)နှစ်မှ (၁၂)အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

အ-ထ-က (ရွှေသောင်ယံ)တွင် အသက်(၅)နှစ်မှ (၁၂)အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ



MNP - ဇွန်   ၂၈


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထက(ရွှေသောင်ယံ)တွင် ယမန်နေ့နံနက်(၉) နာရီက အသက်(၅)နှစ်မှ (၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးရာ မြို့ပေါ်ရပ်ကွက်များရှိ မူလတန်းကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူလေးများ လာရောက်ထိုးနှံခဲ့ကြသည်။


ထိုသို့ ကာကွယ်ဆေး ထိုးနှံရာသို့ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးပြီး မူလတန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၂၇)ဦး ထိုးနှံခဲ့ကြသည်။


သတင်း -ရွေသောင်ယံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)