ညောင်ဦးခရိုင် ရွှေဥမင် ဘုန်းတော်ကြီးသင်အခြေခံပညာမူလတန်းကျောင်းရှိ စာကြည့်တိုက်သို့ စာအုပ်များလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးခရိုင် ရွှေဥမင် ဘုန်းတော်ကြီးသင်အခြေခံပညာမူလတန်းကျောင်းရှိ စာကြည့်တိုက်သို့ စာအုပ်များလှူဒါန်း





MNP - ဇွန်   ၁၅


မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်းထမ်းများသည် ညောင်ဦးမြို့၊ သီလရင်စုရပ်၊ရှိ ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသားကျောင်းသူများ စာပေဖတ်ရှုနိုင်ရန်အတွက် ဇွန် ၁၅ ရက် နံနက် ၉နာရီခွဲအချိန်က ကလေး ဖတ်စာအုပ်များသွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ရွှေဥမင် ဘုန်းတော်ကြီးသင်အခြေခံပညာမူလတန်းကျောင်းရှိ JaJaAna Library စာကြည့်တိုက်သို့ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်သော ဝန်ထမ်းများသည် ညောင်ဦးခရိုင် ပြည်သူ့စာကြည့်တိုက်သို့ ပုဂ္ဂလိကအလှူရှင်များလှူဒါန်းထားသည့် Grade -1မှ Grade -11 ရှိ ဘာသာရပ်ပေါင်းစုံ ၂၆၈ အုပ်၊ကလေးဖတ် ရွှေသွေးဂျာနယ်များ၊ သုတ/ရသစုံလျှင်သည့် ဒို့ကျေးရွာဂျာနယ်များနှင့် ကလေးဖတ်ရုပ်ပြစာအုပ်များလှူဒါန်းပေးခဲ့ ကြောင်းသိရသည်။ရွှေဥမင် ဘုန်းတော်ကြီးသင်အခြေခံပညာမူလတန်းကျောင်းသို့ ကျောင်းသား/သူ (၃၀၀)ဦးကျော်တက် ရောက်ပညာသင်ကြားနေကြောင်းလည်း ဆရာတော်ဘုရားမှမိန့်ကြား၍ သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)