၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် နည်းပညာတက္ကသိုလ်(တောင်ကြီး)၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် နည်းပညာတက္ကသိုလ်(တောင်ကြီး)၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား




MNP - ဇွန်   ၆


နိုင်ငံတော်နှင့်ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်နိုင်ပြီး ဘက်စုံထူးချွန်သည့် အင်ဂျင်နီယာများ၊ ဆန်းသစ်တီထွင်နိုင် သည့် သုတေသီများမွေးထုတ်ပေးနိုင်ရန်နှင့် နိုင်ငံတကာအသိအမှတ်ပြုသော သုတေသနဦးစားပေး တက္ကသိုလ်တစ်ခုဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ နည်းပညာတက္ကသိုလ်(တောင်ကြီး)၌   အင်ဂျင်နီယာလောင်းလျာများကို သင်ကြားမွေးထုန်ပေးလျက်ရှိရာ ယခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဘာသာရပ်အသီးသီး၌ ပထမနှစ်တက်ရောက်နေကြသည့် ကျောင်းသား ကျောင်းသူပေါင်း(၁၀၉)ဦး၊ ဒုတိယနှစ်တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူပေါင်း(၁၀၃)ဦး၊ တတိယနှစ် တက်ရောက်နေကြသည့် ကျောင်းသား၊ကျောင်းသူပေါင်း(၈၅)ဦး၊ စတုတ္ထနှစ်တက်ရောက်နေသည့် ကျောင်းသား၊ကျောင်းသူပေါင်း (၁၀၃)ဦး၊ ဆဌမနှစ် တက်ရောက်နေကြသည့် ကျောင်းသားကျောင်းသူပေါင်း (၆၃)ဦး ယခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အသစ်တက်ရောက်ကြသည့် ကျောင်းသား၊ကျောင်းသူပေါင်း(၂၁၇)ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူပေါင်း (၆၈၀)ဦး အေးချမ်းစွာတက်ရောက် ပညာသင်ယူလျက်ရှိ ကြောင်း သိရသည်။


အဆိုပါ နည်းပညာတက္ကသိုလ်(တောင်ကြီး)သည် ၁၉၉၂ ခုနှစ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံအဖြစ် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် အစိုးရနည်းပညာကောလိပ်အဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး (၂၀.၁.၂၀၀၇)တွင် အစိုးရနည်းပညာတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့ကြောင်း၊ ကျောင်းစတင်တည်ထောင်စဉ်မှ ယခုနှစ်အထိ အင်ဂျင်နီယာမဟာဘွဲ့(ME) ရရှိသူပေါင်း (၅၂)ဦး၊ ရိုးရိုးအင်ဂျင်နီယာဘွဲ့(BE) ရရှိသူပေါင်း (၃၁၆၂)ဦး၊ ရိုးရိုးအင်ဂျင်နီယာဘွဲ(B.Tech) ရရှိသူပေါင်း (၃၅၁၂)ဦး၊ အင်ဂျင်နီယာဒီပလိုမာ(AGTI) ရရှိသူပေါင်း (၅၅၃၉)ဦး ရှိခဲ့ပြီကြောင်း၊ ယခုအခါ သင်ကြားရေးနှင့်စီမံခန့်ခွဲရေး ဝန်ထမ်းစုစုပေါင်း (၁၃၆)ဦးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - စိုင်းအယ်ဘဲ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)