စဉ့်ကူးမြို့တွင် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ၏ မွမ်းမံသင်တန်းဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့တွင် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ၏ မွမ်းမံသင်တန်းဖွင့်လှစ်သင်ကြား





MNP ၊ ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့တွင် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ၏ မွမ်းမံသင်တန်းကို  ယနေ့နံနက်(၉)နာရီက စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း‌တွင် ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ ဆရာမ(၄)ဦး တို့မှ သင်တန်းသား/သင်တန်းသူ (၃၆)ဦး တို့အား နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်နှင့်စည်းကမ်းများ၊ ခွင့်အမျိုးအစားများ၊ ပင်စင်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ပညာရေးမူဝါဒများ၊ မိဘရပ်ရွာ နှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆရာကျင့်ဝတ်နှင် ကိုယ်ကျင့်သိက္ခာ၊ သင်ရိုးသစ် အကောင်အထည်ဖော်ခြင်း၊ သင်ကြားရေးဆိုင်ရာ မှတ်တမ်းများ စနစ်တကျရှိရေး၊ တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း၊  သင်ယူမှုပတ်ဝန်းကျင်နှင့်သင်ယူမှုရလဒ်၏ ကောင်းကျိုးများရရှိရေး အစရှိသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသည်။ 

အဆိုပါလက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ၏ မွမ်းမံသင်တန်းကို ဇွန်လ ၄ ရက်နေ့မှ ၁၀ရက်နေ့ထိ နေ့စဉ်နံနက်(၉)နာရီမှညနေ(၄)နာရီအထိ ရက်သတ္တပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 


သတင်း - တင်ဇာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)