ကျိုက်ထိုမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ (၁၉၆၃)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ (၁၉၆၃)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီး





MNP ၊ ဇွန်  ၆

မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးငယ်များအား လုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာအသက်  ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ဇွန်(၆)ရက် နံနက် ၉ နာရီတွင် အခြေခံပညာကျောင်း စုရပ် အသီးသီး ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင်မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ၊ကျန်းမာရေးဌာနဝန်ထမ်းများ ၊ ဆရာ/ဆရာမများ ပူးပေါင်း ၍ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်း သား၊ ကျောင်းသူများအား ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကို မိဘ/အုပ်ထိန်းသူမှ သဘောတူကြောင်း လက်မှတ်ရေးထိုးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စိုးရိမ်ရသည့်ရောဂါ လက္ခဏာ ရှိ/မရှိ မေးမြန်းပြီးမှသာ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ကို ထိုးနှံပေးခဲ့သည်။ 

ယခုစာသင်နှစ်၌ ဖွင့်လှစ်နေသည့် အခြေခံပညာကျောင်း ၁၂၄ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၆ ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း ၁၄ ကျောင်း စုစုပေါင်း (၁၄၄)ကျောင်းရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ဇွန် ၂ ရက်နေ့မှ စတင်ကာ ဇွန် ၅ ရက်အထိ သတ်မှတ်ရက်များအလိုက်စာသင်ကျောင်း ဆေးထိုးစုရပ်များတွင် ကျောင်းသား ၊ကျောင်းသူ (၁၉၆၃) ဦး အားထိုးနှံပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။


သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)