အစိုးရ စက်မှုလက်မှုသိပ္ပံ (မော်လမြိုင်)၌ ဘာသာရပ် မိတ်ဆက်ပွဲနှင့် ကျောင်းသား/ ကျောင်းသူများ ‌တွေ့ဆုံပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အစိုးရ စက်မှုလက်မှုသိပ္ပံ (မော်လမြိုင်)၌ ဘာသာရပ် မိတ်ဆက်ပွဲနှင့် ကျောင်းသား/ ကျောင်းသူများ ‌တွေ့ဆုံပွဲ ကျင်းပ

 



MNP - ဇွန်  ၂၈


မွန်ပြည်နယ် မော်လမြိုင်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ် မိတ်ဆက်ပွဲနှင့် ‌ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဒေါက်တာဖြိုးဝေလင်းက ယနေ့အချိန်အခါသည် ကျောင်း သား၊ ကျောင်းသူများအတွက် သွေးသစ် လောင်းသည့်နေ့တစ်နေ့ဖြစ်ကြောင်းနှင့် မောင်မယ် သစ်လွင်ပွဲ ပြုလုပ်ခြင်းအားဖြင့် မေဂျာပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ ချစ်ကြည်ရင်း နှီးမှုရရှိခြင်း၊ စာပေ၊ ဂီတ၊ အနုပညာရှင်များ ပေါ်ထွက်လာစေခြင်းနှင့် သင်ကြား သင်ယူမှုများ ပိုမို ထိရောက် စေရန်အတွက် ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။


ထိုနောက် သက်ဆိုင်ရာ ဘာသာရပ်အသီးသီးမှ ဌာနမှူးများ၊ ဆရာ/ဆရာမများက မိတ်ဆက်စကားများ ပြောကြားခဲ့ကြပြီး ကျောင်းအုပ်ဆရာကြီးနှင့် ဘာသာရပ်ဆိုင်ရာ ဌာနမှူးများက ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့် 


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)