ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံ

 


MNP - ဇွန်  ၂၈


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အမှတ်(၁၂၆)ရပ်ကွက် အနန္တမေတ္တာ ဘုန်း‌တော်ကြီးသင်ပညာကျောင်းနှင့် အမှတ်(၅)ရပ်ကွက် တိက္ခာရာမသီလရှင်သင်ပညာ‌ရေး ကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့‌နံနက်(၉) နာရီက ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဆေးထိုးမှုလုပ်ငန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ အဆိုပါဆေးထိုးနှံသည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် သီလရှင်စာသင်ကျောင်းများမှ တာဝန်ရှိသူများ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူအသက် ၅ နှစ်မှ ၁၂ နှစ်ရှိသူများကို သတ်မှတ်နေရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသည် ဘုန်း‌တော်ကြီးသင်ပညာ‌ရေးကျောင်းနှင့် သီလရှင်သင် ပညာရေးကျောင်းတို့တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား‌ ကျောင်းသူများအား ယမန်နေ့က အမှတ်(၁၂၆)ရပ်ကွက် အနန္တမေတ္တာဘုန်းတော်ကြီးသင်ကျောင်းမှ ကျောင်းသား/သူ(၁၂၉)ဦးနှင့် အမှတ်(၅) ရပ်ကွက် သီလရှင်သင်ပညာရေးကျောင်းမှ (၁၂၀)ဦး စုစုပေါင်း(၂၄၉)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ဝင်းအိမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)