ဘီးလင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ညောင်ပလင်ကျေးရွာ၊ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ညောင်ပလင်ကျေးရွာ၊ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ်






MNP ၊ ဇွန် ၁၁ 

သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ညောင်ပလင် ကျေးရွာအုပ်စု၊ ညောင်ပလင် ကျေးရွာ၌ ဇွန်လ ၈ ရက်ည ၁၁ နာရီခွဲအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်  လူနေအိမ်အချို့ ပျက်စီးခဲ့ရာ  လေဘေးသင့် အိမ်ထောင်စုများအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။ 


အဆိုပါ ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် ဘီးလင်းမြို့နယ်ကြက်ခြေနီ အသင်းခွဲမှ  သူနာပြုတပ်ဖွဲ့မှူး ဦးငွေဝင်း ဦးဆောင်သော  တပ်ဖွဲ့ဝင်များသည် ညောင်ပလင်ကျေးရွာမှ လေဘေးဒဏ်ကြောင့်  ပြိုလဲနေအိမ်  ၇ လုံးအတွက် မီးဖို ချောင်သုံးပစ္စည်း ၁ ဖာ၊ တာပေါ်လင်တစ်စ၊ အင်္ကျီ ၁ ထည် ၊ လုံချည်တစ်ထည်၊ ခြင်ထောင်တစ်လုံး၊ စောင်တစ်ထည် ၊ ဆေးအိတ် အသေး တစ်လုံး စသည့် ပစ္စည်း  ၉ မျိုးကိုလည်းကောင်း၊ အမိုးလန်နေအိမ် ၂၃  လုံး အတွက် တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း တစ်ဖာစီတို့ကိုလည်းကောင်း သွား ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း -  ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)