အင်တောမြို့အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်တောမြို့အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်

 



MNP - ဇွန်   ၉


ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အင်တောမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အင်တောမြို့အတွင်းရှိ သက်ကြီးဘိုးဘွား(၃၅)ဦးထံသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့ပေါ်(၆)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၅)စုအတွင်းရှိ လူမှုရေးပင်စင်အကျုံးဝင်သည့် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား တစ်လလျှင်ကျပ် ၁၀၀၀ဝ နှုန်းဖြင့် (၃)လစာ ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် ၃၀၀၀ဝ နှုန်းဖြင့် ဘိုးဘွား ၃၅ ဦးအတွက် စုစုပေါင်းငွေကျပ် ၁၀၅၀၀၀၀ တိတိအား ထောက်ပံ့ပေးခဲ့သည်။ အဆိုပါ ထောက်ပံ့ငွေများကို အင်တောမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိန်လှိုင်တင့်နှင့် စာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - အောင်ခိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)