လုပ်ငန်းခွင်အကြို မူအဆင့်သင် ဆရာ/ဆရာမများ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လုပ်ငန်းခွင်အကြို မူအဆင့်သင် ဆရာ/ဆရာမများ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ



MNP - ဇွန်   ၅


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့ အမှတ်၅ အခြေခံပညာအထက်တန်းကျောင်း ပညာတံခွန်အခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပညာရေးဝန်ကြီး ဌာန အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ လုပ်ငန်းခွင်အကြိုမူအဆင့်သင် ဆရာ/ဆရာမများ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးမှ အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူး နော်အေးမေက သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းတွင် နည်းပြဆရာ/ဆရာမ ၁၅ ဦးမှ KG /G1/G2/G3/G4/G5 သင်ရိုးသစ်မိတ်ဆက်များ၊ ဝန်ထမ်းကျင့်ဝတ်နှင့်စည်းကမ်းများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ပညာရေးမူဝါဒ၊ ပညာရေးပြက္ခဒိန်ပါလုပ်ငန်း၊ သင်ကြားဆိုင်ရာ မှတ်တမ်းများ စနစ်တကျရှိရေး၊ ပင်စင်ဆိုင်ရာ ဘာသာရပ်၊ သင်ယူမှုပတ်ဝန်းကျင်၊ မိဘရပ်ရွာနှင့်ပူးပေါင်း ဆောင်ရွက်ခြင်း၊ ဆရာကျင့်ဝတ်နှင်သိက္ခာ၊ သင်ရိုးသစ်အကောင်အထည်ဖော်ခြင်း၊ တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း၊ ခွင့်အမျိုးအစား၊ သင်ယူမှုရလဒ်၏ ကောင်းကျိုးများရရှိရေးစသည့် ဘာသာရပ်များနှင့် အခြားပညာရေးကဏ္ဍနှင့်သက်ဆိုင်သည့်ဘာသာရပ်များကို သင်တန်းသား သင်တန်းသူ ၄၈ ဦး အားဦးဆောင် သင်တန်းပို့ချသွားမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။


သတင်း - ကိုစိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)