တာချီလိတ် မြို့ ပုံလို့ဆရာတော်ဘုရားကြီး၏ သက်တော်( ၅၂ )နှစ်ပြည့် ဝိဇာတပူဇာ မွေးနေ့ အထိမ်းအမှတ် လမ်းသစ်ဖွင့်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာချီလိတ် မြို့ ပုံလို့ဆရာတော်ဘုရားကြီး၏ သက်တော်( ၅၂ )နှစ်ပြည့် ဝိဇာတပူဇာ မွေးနေ့ အထိမ်းအမှတ် လမ်းသစ်ဖွင့်ပွဲ ကျင်းပ

 










MNP - ဇွန်   ၅


ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ပုံလို့ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာစာရအဂ္ဂဓမ္မအဘိဝိသေသလဇ္ဇိပေသလ သာသနာ လက်ာရ အဂ္ဂမဟာ သဒ္ဒမ္မ ဇောတိကဓဇ သက်တော်( ၅၂ )နှစ်ပြည့် ဝိဇာတပူဇာ မွေးနေ့အထိမ်းအမှတ်အဖြစ် ကွန်ကရစ် လမ်းသစ်ဖွင့်လှစ်ခြင်းအခမ်းအနားကိုယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။


တာဝေမီးစက်လမ်းခွဲမှ ပုံလို့သုဿန်သစ်ထိ အရှည်ပေ( ၆)ထောင်ကျော်၊အကျယ်ပေ(၂၀)ခန့်ရှိ ကွန်ကရစ်လမ်းမကြီးကို ကြီးမြတ်သော ရွှေမြင်းကုမ္ပဏီမိသားစုနှင့် အလှူရှင်များ၏မတည်ရင်းနှီးငွေ ထိုင်းဘတ်ငွေ(၂)သန်းကျော်၊ မြန်မာကျပ်ငွေ သိန်းပေါင်း (၁၃၀၀)ခန့်ဖြင့် ဆရာတော် ဘုရားကြီးမှဦးစီး၍ အလှူ ရှင် ဒယကာ ဒယိကာမများက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။


လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဆရာတော်ဘုရားကြီးနှင့် တာချီလိတ် (အခြေချ ) စစ်ဗျူဟာ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ တာချီလိတ် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့်အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ် သည်။


မွေးနေ့ပွဲနှင့်လမ်းသစ်ဖွင့်ပွဲသို့ ဌာနဆိုင်ရာများ၊ တိုင်းရင်းသား အလှူဒယကာ ဒါယိကာမများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီးမွေးနေ့ပွဲကို( ၇)ရက်တိုင်ကျင်းပကာ ဝေဿန္တရာဇတ်တော်ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ယာဆေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)