မိုင်းဖြတ်မြို့နယ်၌ မြစိမ်းရောင်း(အသားကဏ္ဍ) ဖွံ့ဖြိုးတိုးတက်ရေး ကျပ်(၃၆၀)သိန်း ပေးအပ်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၌ မြစိမ်းရောင်း(အသားကဏ္ဍ) ဖွံ့ဖြိုးတိုးတက်ရေး ကျပ်(၃၆၀)သိန်း ပေးအပ်ပွဲအခမ်းအနားကျင်းပ





MNP - ဇွန်   ၅


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  နိုင်ငံတော်မှထောက်ပံ့သည့် မြစိမ်းရောင် (အသားကဏ္ဍ) မွေးမြူရေးကျေးရွာထူထောင်ရန်အတွက် ဒုတိယအကြိမ် ရန်ပုံငွေကျပ်(၃၆၀)သိန်း ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီခွဲက ဝမ်နောင်ကျေးရွာခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က အဖွင့်အမှာစကားပြောကြားရာ မြန်မာနိုင်ငံလူဦးရေ၏ (၇၀.၄) ရာခိုင်နှုန်းသည့် ကျေးလက်ဒေသများတွင် နေထိုင်ပါကြောင်း၊ နိုင်ငံတော်မှ ကျေးလက်နေပြည်သူ များအလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် စပ်လျဉ်းပြီး အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တာချီလိတ်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာတင် ကိုကိုက မြစိမ်းရောင်(အသားကဏ္ဍ)ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။


ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်က နိုင်ငံတော်မှထောက်ပံ့သည့်ရန်ပုံငွေ ကျပ်(၃၆၀)သိန်းကို ကျေးရွာရန်ပုံငွေကြီဂကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးနန်လုံးခမ်းထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကော်မတီဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါရန်ပုံငွေသည် စီမံကိန်းဆောင်ရွက်သည့် ဝမ်နောင်ကျေးရွာ၏ အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြစ်ပြီး (ဒုတိယ) အကြိမ်ပေးအပ်ခြင်းဖြစ်၍ ကျေးရွာပိုင်၊ အများပိုင်သည့် ရန်ပုံငွေဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူ (၂၄)ဦးအတွက်နွားတစ်ကောင်လျှင်(၇၅၀၀၀၀)ကျပ်နှုန်းဖြင့်နွားကောင်ရေ(၄၈)ကောင်အတွက် ကျပ်(၃၆၀) သိန်းဖြစ်ကြောင်း၊ အတိုးနှုန်းမှာ ပြား(၅၀)ဖြစ်ပြီး သတ်မှတ်ကာလမှာ (၃)နှစ်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာထွန်းဇော်ဝင်းထံက သိရသည်။


သတင်း - သန်းထွန်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)