မိုင်းရှူးမြို့တွင် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမ များ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်လှစ် သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရှူးမြို့တွင် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမ များ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်လှစ် သင်ကြား




MNP - ဇွန်   ၅


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများလုပ်ငန်းခွင်အကြိုရက်တိုသင်တန်းကို၊ ယမန်‌နေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း‌ဆောင်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။


ယခုဖွင့်လှစ်သည့်သင်တန်းတွင် တက်ရောက်ကြသည့် လက်ထောက်မူလတန်းပြ ဆရာ/ ဆရာမများမှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဇွန်လမှ စတင်ဖွင့်လှစ်မည့် အခြေခံပညာကျောင်းများရှိ လစ်လပ်နေရာများတွင် ဖြည့်ဆည်းခန့်ထားသွားမည်ဖြစ်ကြောင်း သိရပြီး၊ သင်တန်းတွင် မြို့နယ်ပညာရေးမှူးနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာ/ ဆရာမကြီးများက သင်တန်းနည်းပြများအဖြစ် ပို့ချသွားမည်ဖြစ်ပြီး ဘာသာရပ်များအနေဖြင့် ပညာရေးမူဝါဒများ၊ သင်ရိုးသစ် အကောင်ထည်ဖော်ဆောင်ရွက်ချက်၊ (၂၁)ရာစု ကျွမ်းကျင်မှုနှင့် သင်ကြားသင်ယူမှုဆိုင်ရာများ၊ နိုင်ငံဝန်ထမ်းဥပဒေနှင့် နည်းဥပဒေ၊ ဆရာကျင့်ဝတ်နှင့် ကိုယ်ကျင့်သိက္ခာအစရှိသည့် ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါသင်တန်းသို့  သင်တန်းသူ/သား(၁၇)ဦးတက်ရောက်ကြပြီး၊ သင်တန်းကာလမှာ (၄.၆.၂၀၂၂) ရက်နေ့မှ (၁၀.၆.၂၀၂၂)ရက်နေ့ အထိ (၇)ရက်အတွင်း နေ့စဉ်နံနက်(၉) နာရီမှ ညနေ(၄)နာရီ အထိဖြစ်ကြောင်း သိရသည်။


သတင်း - သန်းလူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)