သရက်ချောင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန်အတွက် ချေးငွေများထုတ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်ချောင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန်အတွက် ချေးငွေများထုတ်ပေး



MNP - ဇွန်   ၂


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူလယ်သမားများအား ၂၀၂၂-ခုနှစ် မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် ယခင်စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး သရက်ချောင်းမြို့နယ်အတွင်းရှိ ကမြိုင်ကျေးရွာအုပ်စုမှ တောင်သူ (၂၅)ဦး၊ တစ်ဧကလျှင် ၁ သိန်းခွဲနှုန်းဖြင့် စပါးစိုက် ဧက(၁၂၄)ဧကအတွက် ချေးငွေကျပ် ၁၈၆၀၀၀၀၀ သိန်းကိုထုတ်ချေးပေးခဲ့ပြီး မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် ကျေးရွာ(၃၄)ရွာရှိသည့်အနက် ဇွန်လအတွက် ပန်းတော၊ ပြင်းဖြူကြီး၊ မင်းဒပ်၊ ချောင်းဝပြင်၊ သင်းကျွန်း၊ ကျောက်မြောင်း၊ ရေချိုချောင်းကျေးရွာများကို ထုတ်ချေးပေးရန် စီစဉ်ထားရှိကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်အေးသီတာထံမှ သိရသည်။


သတင်း - သားကြီး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)