မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၅)ခရိုင် အသက်(၁၉)နှစ်အောက်‌ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၅)ခရိုင် အသက်(၁၉)နှစ်အောက်‌ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်







MNP - ဇွန်   ၂


၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၅)ခရိုင် အသက်(၁၉)နှစ်အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီအချိန်က မကွေးခရိုင် အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အသက်(၁၉)နှစ်အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ဘောလုံးပွဲပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြင့်မားလာစေရန်၊ အားကစားလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာပြီး တိုင်းဒေသကြီး လက်ရွေးစင်အားကစားသမားများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ဘောလုံးအားကစားသမားကောင်းများ ထွက်ပေါ်လာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဘောလုံးအားကစားနည်းသည် ကမ္ဘာပေါ်တွင်သာမက မြန်မာပြည်တွင်လည်း ကလေး၊ လူကြီးမရွေးအားလုံး ကြိုက်နှစ်သက်သည့် အားကစားနည်းဖြစ်ပြီး လူမျိုးဘာသာမရွေး လူအများစုပေါင်းဖွဲ့စည်း၍ လွယ်ကူကစားနိုင်သည့်အပြင် အသင်းလိုက်စုစည်းပြီး တစ်ဦးနှင့်တစ်ဦး အချိတ်အဆက် မိမိယှဉ်ပြိုင်ကစားရသော အားကစားနည်းဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့်လည်း မိမိတို့၏ ကစားနည်းစွမ်းရည်များ တိုးတက်မြင့်မားလာစေရေးအတွက် ခေတ်စနစ်များနှင့်လျော်ညီသော အားကစားနည်းစနစ်များဖြင့် လေ့ကျင့်ရန်လိုအပ်သလို အုပ်ချုပ်သူ/နည်းပြများမှ ချမှတ်ထားသော စည်းကမ်းများကိုလည်း လိုက်နာရမည်ဖြစ်ကြောင်းနှင့် အားကစားဖွံ့ဖြိုးတိုးတက်ခြင်းသည် လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ခြင်းဖြစ်ပြီး လူငယ်များဖွံ့ဖြိုးတိုးတက်ခြင်းသည်လည်းနိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ခြင်းဖြစ်သော ကြောင့်နိုင်ငံတော်အတွက် အားထားရသည့် အနာဂတ်လူချွန်လူကောင်းများဖြစ်သည်အထိ ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပြီးနောက် အုပ်စုပထမနေ့ပွဲစဉ်များအဖြစ် မကွေးခရိုင်ဘောလုံးအသင်းနှင့် ဂန့်ဂေါခရိုင် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့်လည်းကောင်း၊ မင်ဘူးခရိုင် ဘောလုံးအသင်းနှင့် သရက်ခရိုင် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ သရက်ခရိုင်အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။


သတင်း - ကိုစည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)