နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတတ်ရေး တောင်သူများအား တွေ့ဆုံခြင်းနှင့် ယက္ကန်းရုံကြည့်ရှု စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတတ်ရေး တောင်သူများအား တွေ့ဆုံခြင်းနှင့် ယက္ကန်းရုံကြည့်ရှု စစ်ဆေး



MNP - ဇွန်   ၁၀


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မြင့်မားရေး တောင်သူများအား တွေ့ဆုံခြင်းနှင့် ယက္ကန်းရုံ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အေးချမ်းသာစံပြကျေးရွာ၊ လူထုဗဟိုပြုခန်းမတွင် ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ကိုဗစ်ကာလတွင် လူမှုစီးပွားထိခိုက်ခံခဲ့၍ ကုစားမှုအနေဖြင့် ကျေးလက်နေ ပြည်သူများ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများနှင့်တွေ့ ဆုံရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်းက အေးချမ်းသာ စံပြကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျော့ချရေးဗဟိုဌာန (IPRCC) တို့ ပူးပေါင်းဆောင်ရွက်ခဲ့သော ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးစံပြ စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ၍ လည်းကောင်း၊ ကျေးရွာပြည်သူလူထု၏ ကိုယ်စားပြည်သူတစ်ဦးက ကျေးရွာတွင် လိုအပ်လျက်ရှိသည့် လုပ်ငန်းများ ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော် ကောင်စီအဖွဲ့ဝင်က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ အေးချမ်းသာစံပြကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ယက္ကန်းရုံသို့ သွားရောက်ကြည့်ရှုကာ ယက္ကန်းလုပ်ငန်းရေရှည်လည်ပတ်ပြီး၊ ကျေးရွာလူထုအလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ကျေးရွာထုတ်ကုန်အဖြစ် အောင်မြင်စွာထုတ်လုပ်နိုင်ရေး၊ ကျေးရွာယက္ကန်းကော်မတီနှင့် ကျေးရွာပြည်သူများ အလေးထားကြိုးစား ဆောင်ရွက်ရေး၊ စဉ်ဆက်မပြတ်လည်ပတ်နိုင်အောင် ထိန်းသိမ်းရေး ရှင်းလင်းမှာကြားခဲ့သည်။


ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး အဆိုပါဦးစီးဌာန အစည်းအဝေးခန်းတွင် တောင်သူများနှင့်တွေ့ဆုံ၍ မြို့နယ်အတွင်းရှိ လယ်ယာမြေများတွင် စိုက်ပျိုးမြေ အားလုံးစိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိနိုင်ရေး ရှင်းလင်းပြောကြားပြီး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဦးမျိုးနိုင်၊ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးဖွဲ့ဝင် (၂) ဦးကျော်ကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနိုင်လင်းတို့က တစ်ဧကလျှင် တစ်တင်းနှုန်း ဧက(၃၃၀)အတွက် မျိုးစပါးများ ထောက်ပံ့ပေးအပ်ကြသည်။


ထို့နောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ ကျားသေအိုင်ကျေးရွာအနီး၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ (KC) ခန်းမသို့ရောက်ရှိပြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာအုပ်စု(၈)အုပ်စုမှ တောင်သူများနှင့် တွေ့ဆုံပွဲဆက်လက်ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ကျေးလက်တောင်သူများ အနေဖြင့် စိုက်ပျိုးရေးနည်းစနစ်တွေ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေး၊ အကြားအလပ်မရှိအောင် စိုက်ပျိုးနိုင်ရေး အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် တပ်ကုန်းမြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနများမှ လုပ်ငန်းဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြား၍ လည်းကောင်း တက်ရောက်လာသည် တောင်သူများကကျေးရွာတွင် လိုအပ်လျက်ရှိသည့် လုပ်ငန်းများ ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တောင်သူများ တင်ပြချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - တင်စိုးလွင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)