ကျိုက်ထိုမြိုနယ် တွင် အသက်မွေးဝမ်း ကျောင်း အထောက်အကူပြုမွေးမြူရေးသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြိုနယ် တွင် အသက်မွေးဝမ်း ကျောင်း အထောက်အကူပြုမွေးမြူရေးသင်တန်း ဖွင့်လှစ်



MNP ၊ ဇွန် ၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန် ကြီးဌာန ကျိုက်ထိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းကို ဇွန် ၇ ရက်နံနက် ၁၀နာရီတွင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင်ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာဖြိုးဝင့်ကိုက နွားမွေးမြူရေး၊ ဝက်မွေးမြူရေး၊ ကြက်မွေးမြူရေး၊ ဆိတ်မွေးမြူရေး အစ ရှိသည့် မွေးမြူ‌ရေး တိရိစ္ဆန်များနှင့် ပတ်သက်၍ ကူးစက်ရောဂါ များအ‌ကြောင်းအား ရှင်းလင်းပြောကြားပြီးကျေးလက် ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန 

ဦးစီးအရာရှိ ဒေါ်ခင်ဇော်လတ် က မိမိတို့ဌာနအနေဖြင့်ကျေးလက်နေပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်လာရေးအတွက်ကုန်ထုတ်လမ်း၊ကုန်ထုတ်တံတား၊‌ ရေပေးရေးလုပ်ငန်း၊ မီးလင်းရေး ၊ ကျေးလက်အိမ်ယာ တည်ဆောက် ပြုလုပ်ပေးသည့် လုပ်ငန်းများ အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာဆောင်ရွက်ပေးနေသည့်အတွက် ယခုအသက်မွေးဝမ်းကျောင်း အထောက် အကူပြုသင်တန်း အားဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ကျူချောင်ကျေးရွာ ဝင်းပြန်ကျေးရွာ၊ ကွင်းကလေးကျေးရွာ၊ အင်းဝကျေးရွာ တို့မှသင်တန်းသား၊ သင် တန်းသူ (၂၀)ဦးတက်ရောက်ပြီး သင်တန်းနည်းပြ (၃)ဦးတို့မှ အာဖရိကဝက်အပြင်းဖျားရောဂါ၊ အရေပြားအကျိတ်အနာ

ရောဂါအကြောင်း၊ ကောင်းမွန်သော မိရိုဖလာမွေးမြူရေးအကြောင်း၊ မေထုံမဲ့သားစပ်ခြင်းနှင့် တိရိစ္ဆာန်မှကူးစက်တတ်သည့်‌ ရောဂါမျာအကြောင်းနှင့် ဆောင်ရန်ရှောင်ရန်မွေးမြူနည်းစနစ်များ အကြောင်းတို့ အားနံနက်(၉)နာရီမှ ညနေ(၄) နာရီထိ(၃) ရက် ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း -  ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)