ဘူးသီးတောင်မြို့၌ အသက်(၅)နှစ် မှ (၁၅)နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး ( ၁၁၂၂ ) ဦးထိုးနှံပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၌ အသက်(၅)နှစ် မှ (၁၅)နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး ( ၁၁၂၂ ) ဦးထိုးနှံပြီးဖြစ်




MNP ၊ ဇွန် ၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအားကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့်ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက်အသက်(၅)နှစ်မှ(၁၂)နှစ်ထိကျောင်းသား/ကျောင်းသူ များအားကိုဗစ် -၁၉ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်( ၉)နာရီအချိန်က အထကခွဲ( ၃)၊ အထက -လက်ဝဲဒက်ပုဇွန်ချောင်းကျောင်း၊အလက(ခွဲ )သပြေကုန်းကျောင်းတို့၌ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များက လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့်ဆရာ/ ဆရာမများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ  စာရင်းများမှတ်ယူခြင်း၊ကိုယ်အပူချိန်တိုင်းတာခြင်း၊သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကိုဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီးထိုးနှံပြီးသည့် သူများကိုမိနစ်(၃၀)ခန့် အနားယူစေကာကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

 အဆိုပါကာကွယ်ဆေးထိုးနှံရာတွင်ဇွန်လ(၂) ရက်နေ့မှ( ၆)ရက်နေ့ထိကိုဗစ် - ၁၉ ကာကွယ် ဆေးထိုးနှံပြီးဖြစ်သည့် ကျောင်းသား/ ကျောင်းသူ ( ၁၁၂၂)ဦးရှိကြောင်းသိရသည်။

 

သတင်း - လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)