ဘူးသီးတောင်မြို့နယ်၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူများအား ပညာပေးသင်တန်းများပို့ချဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ်၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူများအား ပညာပေးသင်တန်းများပို့ချဆောင်ရွက်



MNP ၊ ဇွန် ၇

ရခိုင်ပြည်နယ် ၊မောင်တောခရိုင် ၊ ဘူးသီးတောင်မြို့နယ်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေးအတွက်တောင်သူများအား ပညာပေးသင်တန်းပို့ချခြင်းကို ယနေ့ မွန်းလွဲ( ၂)နာရီအချိန်က ဘူးသီးတောင်မြို့စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ  ဘူးသီးတောင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ညီက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြများဖြစ်သည့် ပြည်နယ်ဦးစီးမှူးရုံးမှ သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်အောင်မြကြည်က ပိုးသတ်ဆေးအမျိုးအစားများနှင့်စနစ်တကျ ကိုင်တွယ်သုံးစွဲနည်းစနစ်များအားပို့ချခြင်း ၊  မျိူးစေ့တာဝန်ခံ ဒေါ်တင်မြင့်ရီက  မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်ခြင်းများ သင်ကြားပို့ချကာ မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်ဆွေအေးက သဘာဝမြေဩဇာနှင့်သစ်စွမ်းမြေသြဇာ ပြုလုပ်သုံးစွဲနည်းများ၊အပင်တွင်အဓိကလိုအပ်သည့်အဟာရဓါတ်များနှင့်အကျိုးရှိစွာစနစ်တကျသုံးစွဲနည်းများအား( ပရိုဂျတ်တာ)ဖြင့်သင်ကြားပို့ချပေးခဲ့ကြရာ တောင်သူများမှအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါတောင်သူပညာပေးသင်တန်းသို့တောင်သူ(၃၅)ဦး၊ဝန်ထမ်း( ၂၀)ဦး စုစုပေါင်းအင်အား ( ၅၅)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။ 

ဘူးသီးတောင်မြို့နယ်အတွင်း  ၂၀၂၂- ၂၀၂၃ ခုနှစ်၊ မိုးစပါးလျာထား ဧကမှာ( ၅၈၁၃၆)ဧကရှိပြီး အထွက်နှုန်းအရည်အသွေးပိုမိုကောင်းမွန်ရေး၊မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်လုပ်၍ဒေသအတွင်းမျိုးစေ့လုံလောက်စွာရရှိနိုင်ရေးနှင့်ဓါတုမြေသြောဇာသုံးစွဲမှုလျှော့ချရေးစသည့်လုပ်ငန်းများကိုတိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးမောင်မောင်ညီမှသိရသည်။

 

သတင်း - လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)