ရော်ဘာပင်အို ခုတ်လှဲခွင့်ရ တောင်သူများအား အထွက်ကောင်းရော်ဘာပင်ပျိုများ အစားထိုးစိုက်ပျိုးနိုင်ရန်အတွက်ရော်ဘာပျိုးပင်နှင့် ဒေသခံဥယျာဉ်ခြံရှင်များအတွက် ဥယျာဉ်ခြံသီးနှံများထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရော်ဘာပင်အို ခုတ်လှဲခွင့်ရ တောင်သူများအား အထွက်ကောင်းရော်ဘာပင်ပျိုများ အစားထိုးစိုက်ပျိုးနိုင်ရန်အတွက်ရော်ဘာပျိုးပင်နှင့် ဒေသခံဥယျာဉ်ခြံရှင်များအတွက် ဥယျာဉ်ခြံသီးနှံများထောက်ပံ့ပေးအပ်







MNP ၊  ဇွန် ၇

၂၀၂၁ - ၂ဝ၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရော်ဘာပင်အို ခုတ်လှဲခွင့်ရ တောင်သူများ အားအထွက်ကောင်းရော်ဘာပင်ပျိုများ အစားထိုးစိုက်ပျိုးနိုင်ရန်အတွက်ရော်ဘာပျိုးပင်နှင့် ဒေသခံဥယျာဉ်ခြံရှင်များ အတွက် ဥယျာဉ်ခြံသီးနှံများထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကိုယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။


အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုကဒေသခံတောင်သူများအကျိုးစီးပွားအတွက် နိုင်ငံတော်အစိုးရ နှင့်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ဒေသနှင့်ကိုက်ညီသောအထွက်ကောင်းရော်ဘာပျိုးပင်များ၊ဥယျာဉ်ခြံသီးနှံပျိုးပင်များထောက်ပံ့ရခြင်းဖြစ်ပါကြောင်း၊ပျိုးပင်များလက်ခံရရှိသည့်တောင်သူများအနေဖြင့် အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနည်းစနစ်မှန်ကန်စွာဖြင့်စနစ်တကျစိုက်ပျိုး ဆောင်ရွက်ရန်၊ မိုးရာသီတွင်ရော်ဘာတောင်သူများ ဝင်ငွေနည်းပါး မည်ဖြစ်၍ရော်ဘာပင်တန်းကြားကြားသီးနှံအဖြစ်ဥယျာဉ်ခြံသီးနှံပျိုးပင်များဖြန့်ဖြူးစိုက်ပျိုးစေခြင်းဖြင့်တစ်နှစ်ပတ်လုံး ဝင်ငွေရရှိရန်ရည်ရွယ်၍ဖြန့်ဖြူးပေးရခြင်းဖြစ်ပါ ကြောင်း၊ ရော်ဘာအပင်အိုများခုတ်လှဲပြီးပါက ရော်ဘာအပင်ပျို အထွက်ကောင်းမျိုးများကိုမဖြစ်မနေအစားထိုးစိုက်ပျိုး ဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားသည်။


ထို့နောက်စိုက်ပျိုးရေးဦးစီးဌာန၊တိုင်းဒေသကြီးညွှန်ကြားရေးမှူးဦးသန်းထိုက်ကရေမြေဒေသနှင့်သက်တမ်းလွန်အပင်အို ရော်ဘာအစေ့စိုက်မျိုးဟောင်းများနေရာတွင် ဒေသနှင့်ကိုက်ညီသောအထွက်ကောင်းရော်ဘာမျိုးများအစားထိုး စိုက်ပျိုး ခြင်းဖြင့် ရော်ဘာတစ်ဧကအထွက်နှုန်း တိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်ကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာစေရန်၊ တစ်ဧကအထွက်နှုန်းနှင့်ရော်ဘာသစ်အထွက်တိုးလာစေရန်ရော်ဘာနှင့်သီးညှပ်စိုက်ပျိုးနိုင်သည့် ဥယျာဉ်ခြံ သီးနှံများအားတောင်သူများစိုက်ပျိုးဆောင်ရွက်လာစေရန်ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်ပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ဝန်ကြီးများက တက်ရောက်လာသော တောင်သူများအား ပျိုးပင်များပေးအပ်ပြီးရင်းရင်းနှီးနှီးလိုက်လံနူတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)