သဲကုန်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သီးနှံအခြေခံယို အမျိုးမျိုးပြုလုပ်ခြင်းနှင့် ဆန်ကိတ်မုန့်၊ ဆန်ကွတ်ကီး ပြုလုပ်နည်း သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သီးနှံအခြေခံယို အမျိုးမျိုးပြုလုပ်ခြင်းနှင့် ဆန်ကိတ်မုန့်၊ ဆန်ကွတ်ကီး ပြုလုပ်နည်း သင်တန်းဖွင့်လှစ်

 



MNP - ဇွန်   ၈


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အသက်မွေး ဝမ်းကျောင်း အတတ်ပညာများတတ်မြောက်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန် အထောက်အကူပြု စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍  သီးနှံအခြေခံယိုအမျိုးမျိုးပြုလုပ်ခြင်းနှင့် ဆန်ကိတ်မုန့်၊ ဆန်ကွတ်ကီးပြုလုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို  ယမန်နေ့က  ဇလဲ့အုပ်စု လက်ပံတန်းကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေတို့က အမှာစကားအသီးသီးပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်လေးလေးလွင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်၊ ပြည်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းနည်းပြ ဦးသိန်းဇော်က သင်ကြားမည့်သင်ရိုး ညွန်းတမ်းများအားရှင်းလင်း၍ ပြည်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနခရိုင်ဦးစီးမှူး ဦးငြိမ်းမြင့်ဇော်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းကို ကျေးရွာများမှ သင်တန်းသူ (၂၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဇွန် ၇ ရက်မှ ၁၆ ရက်နေ့အထိ သီးနှံအခြေခံယို အမျိုးမျိုးပြုလုပ်ခြင်းနှင့် ဆန်ကိတ်မုန့်၊ ဆန်ကွတ်ကီးပြုလုပ်နည်းကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)