သိန္နီမြို့နယ်တွင် မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သိန္နီမြို့နယ်တွင် မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်



MNP - ဇွန်  ၂၆


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် မြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က မိုင်းအန္တရာယ်ကင်းရှင်းစေရေးအတွက်  အသိပညာပေးဟောပြောပွဲကို သိန္နီမြို့ အခြေခံပညာအထက်တန်း ကျောင်းရွှေစင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ဟောပြောပွဲတွင် မြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးဝင်းကိုကိုက မိုင်းအန္တရာယ်ကင်းရှင်းစေရေးအတွက် သံသယဖြစ်ဖွယ်ပစ္စည်းများ၊ အထုပ်များကို  ကိုင်တွယ်ခြင်းမပြုကြရန်၊ ကြိုတင်အကြောင်း ကြားထားခြင်းမရှိသည့် ပါဆယ်ထုပ်များနှင့် ကိုယ်တိုင်လာရောက်ပို့ဆောင်ခြင်းမဟုတ်သည့် ပါဆယ်ထုပ်များ၊ အလေးချိန်ပုံမှန်မဟုတ်သည့်ပါဆယ်ထုပ်များနှင့် အမည်၊လိပ်စာမှားယွင်းနေသည့် ပါဆယ်ထုတ်များအား သတိပြုကြရန်နှင့် သံသယဖြစ်ဖွယ်ရာတွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်သို့ အကြောင်းကြားကြရန်လိုအပ်ကြောင်း၊ သတိပြုရမည့်အချက်များ၊ ရှောင်လွဲရမည့်အချက်များအား ဟောပြောဆွေးနွေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - စောဥမ္မာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)