တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးအမျိုးသမီးလက်ဝှေ့အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးအမျိုးသမီးလက်ဝှေ့အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားသို့တက်ရောက်





MNP - ဇွန်   ၉


၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲတွင် ပထမဆုဖလားဆွတ်ခူးရရှိသော တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးလက်ဝှေ့အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များကို ဆွတ်ခူးနိုင်ခြင်းသည် မိမိတိုင်း၊ မိမိဒေသ၏ ဂုဏ်အဆင့်အတန်းကို မြင့်မားတိုးတက်စေသောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ယခုလိုထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်မှာကျင်းပသော ပြည်နယ်နှင့်တိုင်းဒေသကြီးလက်ဝှေ့ပြိုင်ပွဲများတွင် အမျိုးသမီးအသင်းအနေဖြင့် ရွှေတံဆိပ်(၃)ခုရရှိပြီး ပထမဆုဖလားကို အစဉ်အလာမပျက် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအမျိုးသမီးလက်ဝှေ့အဖွဲ့အနေဖြင့်ရရှိပြီးသော အောင်မြင်မှုများကို အနာဂါတ်သို့တိုင်အောင် ထိန်းသိမ်းသယ်ဆောင်သွားနိုင်ရန်အတွက် မလျော့သောဇွဲ၊ လုံ့လဝီရိယ၊ အားမာန်၊ စိတ်ဓါတ်တွေနဲ့ဆက်လက် ကြိုးပမ်းအားထုတ်သွားကြရန်” တရားသဖြင့်ယှဉ်ပြိုင်၊ နိုင်အောင်ကြိုးပမ်း” ၊ “ယှဉ်ပြိုင်လျှင်နိုင်ရမည်” ဆိုသည့်ဆောင်ပုဒ်များကိုလက်ကိုင်ထားပြီး တိုင်းဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးမိုးနိုင်က အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့သည့်အခြေအနေအား ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ရရှိလာသောတံခွန်စိုက်ဆုဖလားအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုထံအပ်နှံကာ တိုင်းဒေသကြီးအမျိုးသမီးလက်ဝှေ့အဖွဲ့အား တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ပြုဆုငွေကျပ်(၂၅) သိန်းအားလည်းကောင်း၊ လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက ဂုဏ်ပြုဆုငွေကျပ် (၃) သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီးလက်ဝှေ့ဆပ်ကော်မတီဥက္ကဋ္ဌ PTC Co,Ltd. မှ မန်နေဂျင်းဒါရိုက်တာဦးအောင်နိုင်က ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်းအား လည်းကောင်းပေးအပ်ချီးမြှင့်၍ တိုင်းဒေသကြီးလက်ဝှေ့အသင်းအဖွဲ့ခေါင်းဆောင် ဦးသန်းဇော်မိုးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။


တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးလက်ဝှေ့အဖွဲ့အနေဖြင့် တံခွန်စိုက်ဒိုင်းဆုကြီးအား ငါးနှစ်ဆက်တိုက်ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)