ဘူးသီးတောင်မြို့၌ ၂၀၂၂ - ၂၀၂၃ ခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် အကျိုးဆောင တောင်သူများအား မျိုးကောင်း၊ မျိုးသန့်၊ စပါးမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘူးသီးတောင်မြို့၌ ၂၀၂၂ - ၂၀၂၃ ခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် အကျိုးဆောင တောင်သူများအား မျိုးကောင်း၊ မျိုးသန့်၊ စပါးမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ




MNP - ဇွန်    ၁၂


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မိုးစပါးစိုက်ပျိုးရာသီတွင် အကျိုးဆောင်တောင်သူများ အား မျိုးကောင်း၊ မျိုးသန့်၊ စပါးမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေ့ဦးစွာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ဘူးသီးတောင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမောင်မောင်ညီမှ မျိုးကောင်း၊ မျိုးသန့်၊ စပါးမျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် ယခုထောက်ပံ့ပေးအပ်သည့် စပါးမျိုးစေ့မှာ မျိုးကောင်း၊ မျိုးသန့်ဖြစ်သည့်အတွက် ဆက်လက်ထိန်းသိမ်းကြစေလိုကြောင်း၊ တက်ရောက်လာ ကြသည့် တောင်သူများကလည်း စံပြတောင်သူများဖြစ်အောင် စွမ်းဆောင်ကြစေလိုကြောင်း၊ ယခုနှစ်မှာ မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ပျိုးထုတ် ၁၀၀ ဧကအတွက် မျိုးကောင်း၊ မျိုးသန့် (RS) မိုးစပါးမျိုးစေ့တင်း (၁၀၀) နှင့် စံပြကွက်စမ်းသပ် ကွက်များအတွက် မျိုးစပါးတင်း (၁၉၅) တင်း ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း စသည်တို့ကိုပြောကြားခဲ့သည်။


ဆက်လက်၍ မျိုးကောင်း၊ မျိုးသန့်၊ စပါးမျိုးစေ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ညီနှင့် တာဝန်ရှိသူများမှ မိုးစပါးမျိုးစေ့များအား ထောက်ပံ့ပေးအပ်ရာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျေးရွာအုပ်စုအလိုက် တောင်သူများမှ လက်ခံရယူခဲ့ကြသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျေးရွာများမှ တောင်သူ (၆၄) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဘူးသီးတောင်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါး လျာထားချက်ဧကမှာ (၅၈၁၃၆) ဧကရှိပြီး အထွက်နှုန်းမှ အရည်အသွေး ပိုမိုကောင်းမွန်ရေး၊ မျိုးကောင်း၊ မျိုးသန့် မျိုးစေ့ထုတ်လုပ်၍ ဒေသအတွင်း မျိုးစေ့လုံလောက်စွာ ရရှိနိုင်ရေးနှင့် ဓါတုမြေသြဇာသုံးစွဲမှု လျှော့ချရေးစသည့်လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ညီထံမှ သိရသည်။


သတင်း - လှကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)