ကျောက်ဆည်မြို့နယ်၌ ပဲတီစိမ်းသီးနှံပေါ်ချိန်တွင် ဈေးကွက်မြင့်လာသောကြောင့် ပဲတီစိမ်းသီးနှံစိုက် တောင်သူများ အဆင်ပြေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ်၌ ပဲတီစိမ်းသီးနှံပေါ်ချိန်တွင် ဈေးကွက်မြင့်လာသောကြောင့် ပဲတီစိမ်းသီးနှံစိုက် တောင်သူများ အဆင်ပြေ



MNP - ဇွန်   ၁၂


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ပဲတီစိမ်းသီးနှံပေါ်ချိန်တွင် ဈေးကွက် မြင့်လာသောကြောင့် ပဲတီစိမ်းသီးနှံစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။


ကျောက်ဆည်မြို့နယ်အနေဖြင့် ပဲတီစိမ်းစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် ရေဆင်း(၁၁) ပဲတီစိမ်းမျိုးနှင့် ရေဆင်း(၁၄) ပဲတီစိမ်းမျိုးများ အဓိကစိုက်ပျိုးကြောင်း၊ ရာသီဥတုနှင့် အပင်အပြုအစုအပေါ် မူတည်ပြီး တစ်ဧက(၂၅)တင်းမှ (၃၅)တင်းအထိ ထွက်ရှိကြောင်းနှင့် ရောင်းချရာတွင် တစ်တင်းလျက် ငွေကျပ် (၅)သောင်းလေးထာင်းငါးရာ ရောင်းချရကြောင်း ညောင်ရွှေကျေးရွာမှ ဦးဝင်းညွှန့်က ပြောပြ၍ သိရှိရသည်။


ပဲတီစိမ်းသီးနှံများကို ပန်းခွာ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ဒွေးလှ၊ ငါးဆူ၊ ရှားပင် ကျေးရွာအုပ်စုများတွင် (၁၇၄)ဧက၊ ဒါန်းတိုင်၊ ရန်ဘက်လို၊ ပေတော၊ ဘုံကွင်း၊ စင်းကွန်း ကျေးရွာအုပ်စုများတွင် (၁၆၀၀)ဧက၊ လက်ပန်ပင်၊ မယ်ဇယ်ပင်၊ တံစိုး၊ သူငယ်တော၊ ပွတ္တိုင်၊ မြောင်းဦး၊ အနောက်သာဂရ၊ ရွာပုလဲ၊ ကတဲ၊ ပနံ ကျေးရွာအုပ်စုများတွင် (၁၅၈၃)ဧက၊ ညောင်ရွေ၊ သင်ပုတ်၊ ဇရပ်ဖြူ၊ ငါးအိုး၊ သင်ပုတ်၊ အနောက်ရွာနန်း၊ လက်ပန်၊ ညောင်ဝန်း၊ ကြောင်ပန်ကုန်း ကျေးရွာအုပ်စုများတွင် (၅၂၁)ဧက၊ တောင်နောက်၊ သင်တောင်း၊ အင်တိုင်း၊ ပြည်ပန်း၊ ဖောင်ရွာ၊ ကြက်မင်းတွန်၊ ပတ္တာ၊ ပင်တလည်၊ သမန္တလင်း၊ မြင်းကဘက်၊ မုန့်ပေါင်း၊ လက်ပန်ဇင် ကျေးရွာအုပ်စုများတွင် (၄၅၆)ဧက၊ အရှေ့ငယ်တိုး၊ ထန်းဇင်တော်၊ ငှက္ကတောင်၊ ရွှေဓား၊ ရဲဘော်ကြီး ကျေးရွာအုပ်စုများတွင် (၁၈၈၈)ဧက၊ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း ကျေးရွာအုပ်စုများတွင် (၁၃၀၆)ဧက၊ ရဲမအူ၊ စိုင်မလန်း၊ ကိုပင်၊ အင်ရောင်း၊ ကလှိုင်ကျော် ကျေးရွာအုပ်စုများတွင် (၉၉၅)ဧက၊ မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ လေးဆယ်ကုန်း၊ တော်တွင်၊ မြေစိုပါယ် ကျေးရွာများတွင် (၁၂၃၈)ဧက၊ ဆူလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ တောင်တော်၊ ကင်း ကျေးရွာအုပ်စုများတွင် (၁၂၀)ဧက၊ စုစုပေါင်း(၉၈၈၁)ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)