ပွင့်ဖြူမြို့နယ် အမှတ် (၄) အထည်စက်ရုံတွင် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် အမှတ် (၄) အထည်စက်ရုံတွင် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ





MNP - ဇွန်   ၁၀


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အမှတ်(၄)အထည်စက်ရုံမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈ နာရီက အဆိုပါ အမှတ်(၄)အထည်စက်ရုံအနီး မြေကွက်လပ်တွင် ကျင်းပသည်။


အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်သစ်တောဦးစီးမှူး ဦးအောင်မော်နှင့် ဝန်ထမ်းများ၊ အမှတ်(၄)အထည်စက်ရုံမှ စက်ရုံမှူး ဦးကျော်ဇံသိန်းနှင့် ဝန်ထမ်းများ တက်ရောက်၍  ယူကလစ် ၄၀၀ ပင်၊  လျှော်ဖြူ ၄၀ ပင်၊ သစ်စိမ့် ၄၀ ပင်၊ မယ်ဇလီ ၅ ပင်၊ တမာ ၅ ပင်၊ ကျွန်း ၅ ပင်၊ ခရေ ၅ ပင်၊ စုစုပေါင်း အရိပ်ရသစ်ပင် ၅၀၀ အား တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ် အမှတ်(၄)အထည်စက်ရုံအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ နှစ်စဉ်မိုးရာသီကာလတွင် မြို့နယ်သစ်တောဦးစီးဌာနနှင့် ချိတ်ဆက်၍ အရိပ်ရသစ်ပင်များကို အကောင်အထည်ဖော် စိုက်ပျိုး ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ အမှတ်(၄)အထည်စက်ရုံမှ စက်ရုံမှူး ဦးကျော်ဇံသိန်းထံက သိရသည်။  


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)