ရမ်းဗြဲမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်စကားပုံဆက်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များပြသဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်စကားပုံဆက်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်

 




MNP ၊  ဇွန် ၂၄

၂၀၂၂ခုနှစ်၊ဇွန်လ၂၆ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စကားပုံဆက်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကိုယနေ့ နေ့လယ်ပိုင်းကရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ရှေးဦးစွာ စကားပုံဆက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့်ကျောင်းသား၊ကျောင်းသူများအားရမ်းဗြဲမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဒုတိယဦးစီးမှူး ‌ဒေါ်သိန်း သိန်းနိုင်က အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပါဝင်ယှဉ်ပြိုင်ရမည့် သတ်မှတ်စည်း ကမ်းအား ရှင်းလင်းပြောကြားပြီး  Group(A)၊ Group(B)၊ Group(C) ဖွဲ့စည်းပေးခဲ့သည်။

ဆက်လက်၍စကားပုံဆက်ပြိုင်ပွဲကို ရမ်းဗြဲမြို့ပေါ်ရှိအခြေခံပညာကျောင်းများမှကျောင်းသား၊ကျောင်းသူတို့က အဖွဲ့(၁)၊ အဖွဲ့(၂)၊ အဖွဲ့(၃) သတ်မှတ်ကာ ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြ ရာ အနိုင်ရရှိသော Group(A) အဖွဲ့မှကျောင်းသား၊ကျောင်းသူများအားဒုတိယဦးစီးမှူး ဒေါ်သိန်းသိန်းနိုင်နှင့် စာကြည့်တိုက်လက်ထောက်-၃ဦးမောင်ကြည်တို့က စာရေးကိရိယာပစ္စည်းများနှင့်ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 

ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေး နံရံ ကပ်စာစောင်များနှင့်သုတ/ရသစာအုပ်စာပေများခင်းကျင်းပြသထားရှိရာကျောင်းသား၊ ကျောင်းသူများကစိတ်ပါဝင်စားစွာ လာရောက်လေ့လာ ဖတ်ရှုခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနရှိဝန်ထမ်းများက သတင်းစကားလက်ကမ်းစာစောင်အားအခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)