အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ(အခမဲ့)ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ(အခမဲ့)ဖြန့်ဝေ




MNP ၊  ဇွန်  ၂၄ 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှထုတ်ဝေသည့်၂၀၂၂ ခုနှစ်၊အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအ မှတ်"သတင်းစကား"လက်ကမ်းစာစောင်များကိုယနေ့နံနက်ပိုင်းက  ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဝန်ထမ်းများကဌာနဆိုင်ရာများ၊စာသင်ကျောင်းများသို့သွားရောက်၍(အခမဲ့)လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ "သတင်းစကား" လက်ကမ်း စာစောင်တွင် ဝိုင်းဝန်းကာကွယ်မူးယစ် ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေး သုံးစွဲ ခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊မူးယစ်ဆေးဝါးပြဿနာနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊အမျိုးသားမူးယစ်ဆေးဝါးထိန်း ချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ(၂)၊မဟာ ဗျူဟာ(၃)ရပ်နှင့်ဘက်ပေါင်းစုံမှ တား ဆီးနှိမ်နင်းကာကွယ်ရေး စသည်တို့ အပြင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်းများပါဝင်ကြောင်းသိရသည်။

                   

သတင်း - ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)