အုတ်ဖိုမြို့နယ်တွင် စက်မှုလယ်ဦးစီဌာနမှ ကောက်စိုက်စက်ဖြင့် ပျိုးထောင်စိုက်ပျိုးပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အုတ်ဖိုမြို့နယ်တွင် စက်မှုလယ်ဦးစီဌာနမှ ကောက်စိုက်စက်ဖြင့် ပျိုးထောင်စိုက်ပျိုးပေး

 

                 

MNP - ဇွန်   ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပန်းတင်ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ၊ တောင်သူဦးဝင်းဦး၏ ဦးပိုင် ၁၄/၁၊ ကွင်းအမှတ် (၈၁၄)တွင် စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် ယမန်နေ့က စိုက်ပျိုးပေးလျက်ရှိကြောင်း သိရသည်။


တောင်သူဦးဝင်းဦး၏ လယ်ကွင်းတွင်စိုက်ပျိုးရန် မှော်ဘီ (၃) မျိုးစပါး ဇွန်လ ၁၄ ရက်နေ့မှစတင်၍ မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ပျိုးထောင်ထားရှိကာဌာနပိုင် ကောက်စိုက်စက်ဖြင့် ဝန်ထမ်းများက စိုက်ပျိုးပေးခြင်းဖြစ်ပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဖြင့် အချိန်ကုန် သက်သာကာ လုပ်သားရှားပါးမှုကို လျှော့ကျစေနိုင်မှာ ဖြစ်ကြောင်း  မြို့နယ်စက်မှုလယ်ယာဦးဌာနမှ ဦးစီးအရာရှိ ဦးဝင်းမင်းထွန်းထံမှ သိရသည်။


အဆိုပါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးခြင်းအားမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် တာဝန်ရှိသူများမှ ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)