ပဲခူးမြို့တွင် နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးမြို့တွင် နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်




MNP - ဇွန်   ၂၈     


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ယမန်‌နေ့နံနက်ပိုင်းက နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့်တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းခံခဲ့ရသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ခံရသူများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍတွင် ပြည်ထောင်စုအဆင့် ဆုရရှိသူများကို ထပ်ဆင့်ဂုဏ်ပြုခြင်းဖြစ်သလို တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုတံဆိပ်များ ချီးမြှင့်ခြင်းဆိုင်ရာ ဥပဒေအရ ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားဖြစ်၍ ထူးခြားလေးနက်သည့် အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့၍ ဂုဏ်ပြုခံရသူများအတွက် အထူးဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် မိမိတို့တိုင်းဒေသကြီးအတွင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပိုမိုဆောင်ရွက်နိုင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများက နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသည့် ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန်(ဒုတိယအဆင့်)နှင့် စီမံထူးချွန်(တတိယအဆင့်)၊ ရဲသူရဘွဲ့၊ ရဲဗလဘွဲ့၊ ရဲကျော်သူဘွဲ့ရရှိသူများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆုရရှိသူများ၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကဏ္ဍတွင် ထူးချွန်စွာဆောင်ရွက်နိုင်ခဲ့သူများ၊ အားကစားထူးချွန်ဆုနှင့်စီမံထူးချွန်ဆုရရှိသူများအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ပြုဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။


ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံတော်အဆင့်နှင့် ပြည်ထောင်စုအဆင့်တို့တွင် ဝဏ္ဏကျော်ထင်ဘွဲ့(၁)ဦး၊ စီမံထူးချွန်(၂)ဦး၊ ရဲသူရဘွဲ့(၁)ဦး၊ ရဲဗလဘွဲ့(၃၇)ဦး၊ ရဲကျော်သူဘွဲ့(၂)ဦး၊ စိုက်ပျိုးရေးကဏ္ဍတွင်(၃)ဦးနှင့် မွေးမြူရေးကဏ္ဍတွင်(၂)ဦး စုစုပေါင်း(၄၈)ဦးရရှိခဲ့ပြီး တိုင်းဒေသကြီးအဆင့်တွင် လုံခြုံရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆုရရှိသူ(၁၁)ဦး၊ အားကစားကဏ္ဍထူးချွန်ဆု(၁)ဦးနှင့် စီမံရေးရာထူးချွန်ဆု(၃)ဦး စုစုပေါင်း(၁၅)ဦးရရှိကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)