အုတ်ဖိုမြို့နယ်၊ သံဃာ့နာယကဥက္ကဋ္ဌဆရာတော်မှ မြို့နယ်အားကစားမှူးအား ဂုဏ်ပြုချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

အုတ်ဖိုမြို့နယ်၊ သံဃာ့နာယကဥက္ကဋ္ဌဆရာတော်မှ မြို့နယ်အားကစားမှူးအား ဂုဏ်ပြုချီးမြှင့်



MNP - ဇွန်  ၂၈


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရွာမရပ်ကွက်၊ သုံးထပ်ဘုန်းတော်ကြီးကျောင်း၊ ငါးမာရ်အောင်ဓမ္မာရုံတွင် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော်မှ မြို့နယ်အားကစားမှူးအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် သံဃာ့နာယကဥက္ကဋ္ဌဆရာတော် ဘဒန္တစန္ဒောဘာသမှ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့မြို့နယ်အတွက် သက်ဆိုင်ရာကဏ္ဍအသီးသီမှ ကျေပွန်စွာထမ်းဆောင်ကြရန်နှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား(၂၈)မြို့နယ်၊ အားကစားပြိုင်ပွဲ၌ နှစ်ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အုတ်ဖိုမြို့နယ်မှ ဒုတိယဆုရရှိခဲ့သည့်အတွက် ဆုရရှိအောင်လေ့ကျင့်သင်ကြားပြသပေးခဲ့သည့် မြို့နယ်အားကစားမှူးဒေါ်လဲ့လဲ့လွင်အား ယခုကဲ့သို့ ချီးမြှင့်ရခြင်းဖြစ်ကြောင်း မိန့်ကြားသည်။ ဆက်လက်၍ ဆရာတော်ကြီးကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဆုများကိုပေးအပ်ခဲ့ရာ မြို့နယ်အားကစားမှူးဒေါ်လဲ့လဲ့လွင်မှ လက်ခံရယူခဲ့ကြောင်းသိရသည်။


သတင်း - အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)