စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၂၀၂၂-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၂၀၂၂-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ





MNP - ဇွန်  ၂၈


ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို အလေးထား သိရှိနားလည် နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ် အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့ နံနက်(၈)နာရီခွဲက  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် နန္ဒဝန်ရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးဝန်းအတွင်း၌ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၂၀၂၂-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၂၀၂၂-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် အခမ်းအနားသို့ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။


ရှေးဦးစွာ မုံရွာခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌက ဌာနဆိုင်ရာဝန်ထမ်းများကိုယ်စား ခရိုင်စီမံကိန်းဦးစီးမှူးထံသို့လည်းကောင်း၊   မုံရွာခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူးက  ဌာနဆိုင်ရာဝန်ထမ်းများကိုယ်စား ခရိုင်ပညာရေးမှူးထံသို့ လည်းကောင်း၊  မုံရွာ-ယင်းမာပင်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ဌာနဆိုင်ရာဝန်ထမ်းများကိုယ်စား ခရိုင်မီးသတ်ဦးစီးမှူးထံသို့ လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဝင်းအောင်က ဌာနဆိုင်ရာဝန်ထမ်းများကိုယ်စား မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိထံသို့ လည်းကောင်း စိုက်ပျိုးမည့် မယ်ဇယ်ပင် ၃၅၊ မာတာကွတ်ပင် ၃၅၊ စိန်ပန်းကြီးပင် ၃၅၊ ပန်းတမာပင် ၂၀၊ တမာပင် ၂၀၊ ပဲချယ်ရီပင် ၃၅ နှင့်  ကျွန်းပင် ၂၀၀  စသည့် ပျိုးပင်ပေါင်း(၃၈၀)တို့ကို အသီးသီးပေးအပ်ပြီးနောက် သတ်မှတ်နေရာအသီးသီးတို့တွင် တပျော်တပါး စုပေါင်း စိုက်ပျိုးပေးခဲ့ကြသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌနှင့် အဖွဲ့ဝင်များက အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုတို့အား  လိုက်လံကြည့်ရှု အားပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)