PDF အကြမ်းဖက်သမားများက တန့်ဆည်မြို့နယ်၊ မူးတိမ်ကျေးရွာကို လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

PDF အကြမ်းဖက်သမားများက တန့်ဆည်မြို့နယ်၊ မူးတိမ်ကျေးရွာကို လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်



MNP ၊ ဇွန် ၂၈

ယမန်နေ့က တန့်ဆည်မြို့နယ်၊ မူးတိမ်ကျေးရွာကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် ၃ချက် ပစ်ခတ်တိုက်ခိုက်ရာ ကျေးရွာအတွင်း ၂လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံတစ်ဦးက "မနေ့ ဖြစ်တာပါ။ ဟုတ်ပါတယ်။ တစ်လုံးက ရွာအနောက်ပိုင်း ကျော်ကျော်မင်းအိမ်ခြံထဲ ပေါက်ကွဲပါတယ်။ တစ်လုံးက ရွာအလယ်ပိုင်းမှာ ပေါက်ကွဲပါတယ်။ တစ်လုံးကတော့ ဘယ်နေရာကျပြီး ပေါက်ကွဲသလဲ မသိရသေးပါဘူး။ အနောက်ဘက်က ပစ်တာပါ။ သာဂရ၊ သာဂလှ ဘက်ကနေ ပစ်တာပါ။ လက်လုပ်စိန်ပြောင်းလို့ ယူဆရပါတယ်။ ခဲလုံးတွေ၊ သံတိုသံစတွေ တွေ့ရပါတယ်။ လူထိခိုက်မှုတော့ မရှိဘူး။ ရွာအလယ်ပိုင်း ကျတဲ့ ဟာက နေအိမ်ခြံဝင်းထဲကို ကျတာ။ လူမရှိဘူး။ ပေါက်ကွဲအားတော့ ပြင်းတယ်။" ဟု ပြောသည်။

ဒေသခံများ၏ ပြောကြားချက်အရ တန့်ဆည်မြို့နယ် အောင်သာကျေးရွာတွင် KIA က PDF ကို အကြမ်းဖက်သင်တန်း ပို့ချပေးနေကြောင်း၊ မူးကျင်းစုကျေးရွာတွင်လည်း PDF အကြမ်းဖက်သမားများ စုနေပြီး အင်အား ၃၀၀ ဝန်းကျင်ခန့် ရှိနေကြောင်း၊ သာဂရတွင်လည်း PDF အကြမ်းဖက်အင်အား ၂၀၀ ခန့် ရှိနေကြောင်း ဒေသခံ သတင်းများအရ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)