သံတောင်ကြီးမြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတောင်ကြီးမြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့



MNP - ဇွန်   ၂


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမအကြိမ် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်းက လူမှုရေးပင်စင်ထောက်ပံ့များကို ယနေ့နံနက် (၁၁) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ သံတောင်ကြီးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် သံတာင်ကြီးမြို့နယ်အတွင်းရှိ အဘိုးအဘွား (၁၄၉) ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၄,၄၇၀,၀၀၀) ကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ သက်ဆိုင်ရာ မြို့အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံပေးအပ်ပြီး ၎င်းတို့မှ လူမှုရေးပင်စင် ထောက်ပံ့ခံစားခွင့်ရှိသူ သက်ကြီးဘိုးဘွားများထံ လက်ဝယ်အရောက် သွားရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စောမင်းသား 


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)